Part-18

345 74 26
                                    

Unicode

အလုပ်ခန်းကနေ နှင်ထုတ်ခံလိုက်ရတဲ့ နှစ်ယောက်သားကတော့ laptopကိုင်ရင်း ဆူပုတ်ပုတ်နဲ့ အခန်းတံခါးကိုဆောင့်ပိတ်သွားသေး၏။

ကျန်းကျယ်ဟန့်က သက်ပြင်းတစ်ချက်နှင့်အတူ ခေါင်းယမ်းမိလိုက်သည်။ ထို့နောက် အအေးဒဏ်မရှိတော့ပါသည့် နဂါးမောက်သီးဖျော်ရည်ဘူးလေးကို လှမ်းယူကာ တစ်ငုံမျှ ခံတွင်းအပြည့်ငုံလိုက်၏။ ပုံကြမ်းပေါ်က ဒီဇိုင်းကို လက်စသတ်ဖို့ကြိုးစားမည်ဟု ကြံမိပြန်တော့ ခေါင်းထဲဝင်လာတဲ့ပုံရိပ်တချို့က နှောင့်ယှက်ပြန်သည်။

"ကျစ်"

ကျစ်ခနဲစုတ်သတ်လိုက်ကာ အလုပ်ပေါ်ပဲ အာရုံစိုက်ဖို့တွန်းအားပေးမိပြန်တော့လဲ မအောင်မြင်။ နောက်ဆုံးတော့ လုပ်လက်စအလုပ်တွေ ဘေးပို့ပြီး laptopကိုဖွင့်လို့ ဟင်းချက်ပြိုင်ပွဲကိုသာ စောင့်ကြည့်ဖြစ်လိုက်တော့သည်။

.
.
.

အချိန်ကအတော်လေးလင့်နေပြီ။ ည၉နာရီကိုပင် တော်တော်ကျော်လာပြီ ၊ ပြိုင်ပွဲဝင်အကောင်းစားကြီးနဲ့ဂြိုလ်ကောင်လေးတို့နှစ်ယောက်က ပြန်မလာ
ကြသေး။ ကျန်းကျယ်ဟန့်တစ်ယောက်ကတော့ ညစာအတွက် အဆင်ပြေလောက်မည့် ဟင်းလျာအနည်းငယ်ကို ပင်ပင်ပန်းပန်းနဲ့ပြန်လာလိမ့်မည့်လူတွေအတွက် ကြိုးစားပြင်ဆင်ထားလိုက်၏။ များများစားစားတော့မဟုတ်ခဲ့ပေမဲ့ သူအကောင်းဆုံးကြိုးစားပြင်ဆင်ထားတဲ့ဟင်းလျာလေးတွေက ကြက်ဥကြော်ရယ် ၊ ကြက်ဥကြော်ရယ် ၊ နောက်ပြီးတော့....ကြက်ဥကြော်ရယ်။

အားလုံးပြင်ဆင်ပြီးစီးလို့ ဆယ်ငါးမိနစ်ဝန်းကျင်လောက်ရောက်တော့ ခပ်ဆူဆူအသံတွေနဲ့အတူ ပြန်လာသင့်သူတွေလဲ ပြန်လာကြလေပြီ။ တံခါးဝဆီ ထွက်ကြည့်မိတော​့ ကားပေါ်ကဆင်းလာတဲ့ကုန်းကျွင့်က ကားထဲကသူငယ်ချင်းသုံးယောက်ကို အတင်းနှင်လွှတ်နေကြောင်းတွေ့လိုက်ရသည်။ ကျန်းကျယ်ဟန့်ကလဲ တံခါးဝဆီကနေသာ ပြုံးပြနှုတ်ဆက်လိုက်ပြီး မနှင်ပါရန် တားမနေတော့ပေ။ ဘာလို့ဆို သူပြင်ထားတဲ့ညစာက ကြက်ဥကြော်ရယ် ၊ ကြက်ဥကြော်ရယ် ၊ နောက်ပြီးတော့....ကြက်ဥကြော်ရယ်သာ ဖြစ်နေသည်မို့ ဧည့်သည်တွေအတွက်အဆင်ပြေလောက်မည်မဟုတ်တာကြောင့်ပင်။

302 (Completed)Where stories live. Discover now