Part-17

303 68 5
                                    

Unicode

ထမင်းစားပြီးခါစမို့ ပြည့်တင်းနေတဲ့ဗိုက်နဲ့ ခပ်လေးလေးဖြစ်နေတဲ့ခန္ဓာကိုယ်ကိုသယ်ရင်း နဂါးမောက်သီးဖျော်ရည်ဘူးလေးကိုကိုင်ကာဖြင့် ကျန်းကျယ်ဟန့်တစ်ယောက် အလုပ်ခန်းဆီ ဝင်လာ၏။ ပုံကြမ်းစာအုပ်တွေ ၊ ခဲတံတွေအစုံ ပွပလဲလို့နေသည့်စားပွဲရှေ့အရောက် ၊ ထိုင်ခုံကိုဆွဲကာ ပျင်းတွဲတွဲနှင့် ထိုင်ချလိုက်ပြီး သက်ပြင်းတစ်ခုနှင့်အတူ အဖြေမပေါ်သေးသည့်ကိစ္စတစ်ခုအတွက် အတွေးများရပြန်၏။

ရှောင်ယောင်နဲ့အားမေတို့ နှစ်ယောက်သားရဲ့အကြံဉာဏ်က အတော်လေးအဆင်ပြေပေမဲ့ လက်ခံဖို့ကတော့ သေချာစဥ်းစားရဦးမည်။

ပထမတစ်ခေါက်က အလုပ်အပ်ဖူးတဲ့ modeling fieldထဲက customerက ရှိုးပွဲတစ်ခုမှာ ပါဝင်စေလိုကြောင်းဆက်သွယ်လာရာကနေ ကိစ္စက စသည်။ သူက ကျန်းကျယ်ဟန့်ရဲ့ဝတ်စုံကို သူ့မိတ်ဆွေရဲ့ပွဲမှာထည့်ချင်သည်။ သို့ပေမဲ့ modelကိုတော့ ကိုယ့်ဘာသာရှာဖို့ပြောလာ၏။ ပွဲကအရမ်း ကြီးမနေပေမဲ့ ရှိုးပွဲတစ်ခု လက်ခံရလိုက်တာကိုက ကျန်းကျယ်ဟန့်အတွက်တော့ ကံတရားကပေးတဲ့ အခွင့်အရေးတစ်ခု။ နောက်ပြီး အဲဒီ့ပွဲမှာက တခြားအောင်မြင်နေတဲ့ ဒီဇိုင်နာတွေလဲ ရှိနေဦးမှာတဲ့လေ။

လက်ရာဖန်တီးမှုအတွက် စိတ်လှုပ်ရှား​ေနမိပေမဲ့ modelအတွက် တွေးလိုက်မိတော့ ကျန်းကျယ်ဟန့် ခေါင်းစားသွားရသည်။ တရင်းတနှီးရှိတဲ့ modelမိတ်ဆွေရယ်လို့ သူ့မှာက မရှိ။ ရုတ်တရက်ဆိုတော့ ခေါင်းထဲလဲ ဘယ်သူမှပေါ်မလာ။

အားမေ ၊ ရှောင်ယောင်တို့နဲ့အတူ နေ့လည်စာစားရင်း တိုင်ပင်ကြည့်မိတော့...နှစ်ယောက်သားက ကုန်းကျွင့်ကိုညွှန်းလာကြသည်။ အရပ်အမောင်းကောင်းကောင်း ၊ ခန့်ညားတဲ့ရုပ်သွင်နဲ့ ကြည်လင်တဲ့အသားအရည်တွေက ကုန်းကျွင့်ကို မင်းသားရှုံးလောက်အောင်ချောမောစေသည်ဟု အမွှန်းတင်ကြသေးသည်။

ထိုစကားတွေကလဲ မှန်သင့်သလောက်တော့ မှန်ပါ၏။ အဲ...မဟုတ်သေး။ ကုန်းကျွင့်ရဲ့ အရပ်အမောင်း ၊ ရုပ်ရည်ရူပကာနဲ့ အသားအရည်ကအစ အားလုံးဟာ modelတစ်ယောက်ရဲ့သွင်ပြင်မျိုး ပေါ်လွင်နေသည်မို့ ထိုစကားတွေက အပြည့်အဝမှန်ကန်ပါ၏။ သို့သော်ငြား........။

302 (Completed)Where stories live. Discover now