Unicode
"ဟိုလေ...ကိုကို့ရဲ့လောင်ကုန်းကပြောတယ်...ကိုကိုတို့မှာ နှစ်ယောက်ထဲသိတဲ့လျို့ဝှက်ချက်တစ်ခုရှိတယ်တဲ့...အဲဒါ ဘာလဲဟင်"
ချင်းအာရဲ့မေးခွန်းကြောင့် ကျယ်ဟန့်သောက်နေတဲ့ဟင်းရည်ပူစပ်စပ်ဟာ လည်ချောင်းထဲမှာတင် လမ်းပျောက်သွားရသည်။
သူ့ချည်းသာလော ဆိုတော့.....မဟုတ်။ လောင်မားပါ အဆစ်ပါလိုက်သေးသည်။ သားအမိနှစ်ယောက်စလုံး တစ်ပြိုင်ထဲ ရုတ်တရက်ကြီး ဟင်းရည်သီးသူသီး ၊ တံတွေးသီးသူသီး ဖြစ်ကုန်ကြ၏။
"ဖူးး အဟွတ်...ဘာ? အဟွတ် အဟွတ်"
"ဘာတွေလဲ သား...အဲဒါ ဘယ်သူလဲ"
"မဟုတ်ဘူး လောင်မား အထင်လွဲနေပြီ...
နေပါဦး ချင်းအာက သူနဲ့ ဘယ်တုန်းက စကားပြောဖြစ်သွားတာလဲ""မနေ့ကလေ...ကိုကို့ဖုန်းကိုဆက်တုန်းက ကိုကို့လောင်ကုန်းက ဖုန်းလာကိုင်တယ်...ကိုကို ရေချိုးနေလို့တဲ့ ပြောစရာရှိရင် သူ့ကိုပြောခဲ့ ကိုကို့ဆီ သူပြန်ပြောပေးမယ်တဲ့"
ချင်းအာဆိုတဲ့ ကလေးမက အသက်လေး ဆယ်ဂဏန်းမပြည့်တပြည့်ဆိုပေမဲ့ သိပ်ကိုဉာဏ်ကောင်းတဲ့ ကလေးမလေး။ လူကြီးတွေပြောတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို အပြည့်အဝနားမလည်လျှင်တောင် စကားလုံးတိုင်းကိုတော့ ဤသည်မရွေး မှတ်မိနေတတ်သည်မို့ တခါတလေတော့လဲ အခက်တွေ့ရတတ်ပါ၏။
သူမက မျက်လုံးလေးကလယ်ကလယ်နှင့်ပင် ပြောလက်စ စကားကိုဆက်လိုက်သည်။
"အဲဒါနဲ့ ချင်းအာက သူ့ကို ကိုကို့သူငယ်ချင်းလားဟင်ဆိုပြီး မေးကြည့်လိုက်တော့ သူကပြောတယ် သူက ကိုကို့ရဲ့လောင်ကုန်းပါတဲ့...ကိုကိုနဲ့ တစ်အိမ်ထဲအတူနေနေတာတဲ့ သူငယ်ချင်းဆိုတာထက် ပိုရင်းနှီးတယ်တဲ့...ပြီးတော့ပြောသေးတယ် ကိုကိုနဲ့သူက တစ်ယောက်ခန္ဓာကိုယ်အကြောင်းတစ်ယောက်"
"ခဏလေး ခဏလေး...ရပြီ! ဒီလောက်ဆိုရပြီ"
ချင်းအာရဲ့ ကရားရေလွှတ်စကားလုံးတွေကို တစ်ဝက်တစ်ပျက်မှာတင် ဆက်မပြောနိုင်အောင် ပိတ်ချလိုက်သူက ကျယ်ဟန့်။ မပိတ်လို့တော့ မရေပ။ ကုန်းကျွင့်က ဘယ်လောက်တောင်မျက်နှာအရည်ထူမှန်း သူသိသင့်သလောက်သိထားသည်မို့ ချင်းအာဆီ ကုန်းကျွင့်ပြောလိုက်သမျှစကားလုံးတွေကို လောင်မားအရှေ့မှာ ဆက်မမေးတာအကောင်းဆုံးပင်ဖြစ်လိမ့်မည်။
YOU ARE READING
302 (Completed)