Chapter 3

1.2K 253 7
                                    

Unicode
အခန်း (၃)
A Date

လုချီက ဟော်မင်ချန်၏ ဖိတ်ကြားချက်ကို မတုံ့ပြန်ပေ။ သူ့ဂျာကင်အင်္ကျီကိုသာ ပြန်ယူလိုက်ပြီး အိတ်ကပ်ထဲက စီးကရက်တစ်ဘူးကိုထုတ်လိုက်၏။ မီးခြစ်က ညအမှောင်ထဲမှာ မီးလင်းသွား၏။ သူ့မျက်လုံးတွေကတော့ မီးရောင်ကြောင့် အရောင်လဲ့နေကာ မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်တော့ သူ့ပုံစံက လမ်းသရဲတစ်ယောက်နှယ်။ 

“ တက္ကသိုလ်ဂိတ်တံခါးက ပိတ်တော့မှာ။ ”

ဟော်မင်ချန်ကတော့ ထွေထွေထူးထူးစဥ်းစားမနေပါ။

“ မင်းက ဘာကိုကြောက်နေတာလဲ။ တစ်ခုခုဖြစ်ရင် ငါရှင်း​ပေးမယ်။ ”

​ဟော်မင်ချန်က လုချီကို နည်းနည်းအထင်သေးသလိုကြည့်လာ၏။ ထို့နောက် သူ့ပိုက်ဆံအိတ်ထဲက ကဒ်တစ်ကဒ်ကိုထုတ်ကာ ခရီးသည်ထိုင်ခုံပေါ် ပစ်တင်လိုက်ရင်း သူလိုချင်တဲ့အရာကို အရိပ်အမြွတ်ပြလိုက်၏။

“ ဝင်ခဲ့ ”

ဟော်မင်ချန်စကားတောင် မဆုံးသေးခင်မှာပဲ လုချီက ကားတံခါးကို ကရောသောပါးဖွင့်ကာ ကဒ်ကိုကောက်ယူလိုက်၏။ လုချီက ထိုင်ခုံပေါ် အသာလေးစွေ့ခနဲ ဝင်ထိုင်လိုက်ပြီးနောက် သွားအဖြီးသားဖြင့် ပြုံး​ပြလိုက်လေသည်။  

“ ကျေးဇူးတင်ပါတယ်၊ ဒီနားမှာ ငါသိတဲ့ဟူနန်စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ အရသာလည်းကောင်းတယ်။ ”

“……”

ဟော်မင်ချန် ဘာစကားမှ ထပ်မဆိုတော့ဘဲ ကားကိုသာ မောင်းထွက်လာခဲ့သည်။ ကားမောင်းနေစဥ်တွင်လည်း လုချီကို တစ်ချက်တောင်လှည့်မကြည့်ပေ။

[ သတိပေးချက် ! သတိပေးချက် ! ]

လုချီခေါင်းထဲမှာ သတိပေးသံမြည်လာ၏။

[ system ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်တဲ့ အပြုအမူများကို host ဆီမှာ တွေ့ရှိနေရပါတယ်။ ကျေးဇူးပြုပြီး သင်နှင့်မသက်ဆိုင်သော ပစ္စည်းများအားလုံးကို ပြန်ပေးလိုက်ပါ။ နောက်ဆယ်မိနစ်အတွင်း ပြန်လည်ထားရှိခြင်းမပြုပါက လျှပ်စစ်ဓာတ်ရိုက်မှု အပြစ်ပေးခြင်း ခံယူရမှာဖြစ်ပြီး life point တွေလည်း အနှုတ်ခံရပါမယ်။   ]

Don't Be a Kept Man ( Myanmar Translation )Donde viven las historias. Descúbrelo ahora