Chapter 18

785 161 5
                                    

Unicode
အခန်း ( ၁၈ )
ညနေခင်း

ဟော်မင်ချန်က လူချီဘက်မှ အတော်လေးကြာသည်အထိ စကားပြန်မလာတော့ သူ့ဖုန်းကို လက်ဆစ်ဖြင့်ခေါက်ကာ

“ ဘာလို့ ဘာမှပြန်မပြောတော့တာလဲ။.”

လုချီ အသိပြန်ဝင်လာတော့ သူ့လက်ချောင်းများကို ဆံပင်ထဲသိုထိုးဆွကာ ​ဆောင့်ဆွဲလိုက်မှ သူ့အတွေးများလည်း ရှင်းလင်းသွားတော့သည်။

“ ငါကို ဘာပြောစေချင်လို့လဲ။ မင်းမိသားစုရှေ့မှာတောင် ငါ့ကိုဖုန်းဆက်ရဲတယ်။ အတော့်ကိုသတ္တိကောင်းနေတယ်ပေါ့လေ။  ”

ဟော်မင်ချန်က နှာမှုတ်လိုက်ကာ သူမျက်ခုံးများက အသာမြင့်တက်သွားသလို နှုတ်လမ်းထောင့်ကလည်း အပေါ်သို့ကော့တက်သွားပြီး နည်းနည်း ကျေနပ်မိသွား၏။

“ ငါ့မိသားစုရှေ့မှာ မင်းကိုဖုန်းဆက်မှပဲ ငါက သတ္တိရှိတာလား။ ဒီထက်ပိုသတ္တိကောင်းတဲ့ကိစ္စတွေတောင် ငါကလုပ်ရဲသေးတယ်ဆိုရင် မင်းယုံမလား။ ”

ထိုစကားကိုကြားတော့ လုချီမျက်ခုံးတွေတွန့်ချိုးသွားကာ ကောင်းတဲ့ကိစ္စတော့မဟုတ်မှန်း ရိပ်စားမိသွားလေပြီ။ သံသယဝင်စရာပင်မလိုပေ။ ခဏအကြာမှာတော့ အရပ်သားမိန်းမပျို​လေးတွေကို လိမ်ညာလှည့်စားနေသော မင်းသားတစ်ယောက်အသံလိုမျိုးနှင့် ဟော်မင်ချန်၏ နိမ့်ချည်မြည်ချည်အသံကို ကြားလိုက်ရလေသည်။

“ ဘေဘီရာ စိတ်မဆိုးပါနဲ့ကွာ။ မင်းကိုယ့်ကိုလွမ်းနေတယ်ဆိုတာ ကိုယ်သိတာပေါ့။ ကိုယ်လည်း ဘေဘီကိုလွမ်းပါတယ်။ နှစ်သစ်ကူးပြီးသွားရင် ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတော့မှာပဲဟာ။ အင်း လိမ္မာ​စမ်းပါကွာ။”

လုချီ : “……”

သူ့အဘိုးက သူ့ဦးလေးနှင့်စကားပြောနေပြီး ဟော်မင်ချောင်က ဘေးကနေ သူတို့၏ပညာပေးစကားများကို နားထောင်နေသည်။ ဟော်မင်ချန်လည်း ဒီလိုစကား​တွေ​ပြော​လိုက်ရော သူ့မှာ သူကြီးသုံးယောက်၏အာရုံကို စွဲဆောင်မိသွားတော့၏။

ဟော်မင်ချန်က ပိပိရိရိသရုပ်ဆောင်လေ သူ့အဘိုးက သူ၏အသုံးမကျသောမြေးငယ်အပေါ်  ပိုဒေါသထွက်လာလေပင်။ ဒေါသကြောင့် နှုတ်ခမ်းမွှေးပါ​ထောင်လာပြီး ဟော်မင်ချန်ကို စိုက်ကြည့်လာတော့၏။ သူ့ဦးလေးကတော့ မိသားစုဝင်အငယ်လေးတွေ၏ အရူးလုပ်နောက်ပြန်မှုကို ခွင့်လွှတ်ထားသည့် အပြုံးတစ်ခုကို သူ့မျက်နှာထက်မှာ ချိတ်ဆွဲထား၏။ သူ့အစ်ကိုကြီးကတော့ အားလုံးထဲမှာ အရိုးသားဆုံးပင်။ စားပွဲအောက်ကနေ သူ့ခြေထောက်ကို လှမ်းကန်လာ၏။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now