Chapter 22

826 150 7
                                    

Unicode
အခန်း ( ၂၂ )
ယဥ်ကျေးပါ မရိုင်းစိုင်းပါနဲ့

သူတို့နှစ်ယောက် အသက်ရှူမဝသလိုဖြစ်နေကာ နှလုံးသားများက စိတ်လှုပ်ရှားမှုကြောင့် တဒိန်းဒိန်းခုန်နေဆဲပင်။ သူတို့အပြန်အလှန်နှီးနှောနေစဥ်တွင် ရင်ခုန်သံစည်းချက်များက စတင်ထပ်တူညီလာသည်။ ဟော်မင်ချန် သူ့လက်ကိုအသာဖြုတ်ချလိုက်တော့ သူ့လက်ကောက်ဝတ်က နာရီက အစောပိုင်းက လှုပ်ရှားမှုကြောင့် ချောင်ကျနေတာကို တွေ့လိုက်ရသည်။ သူ နာရီကိုပြန်ပတ်လိုက်ပြီး လုချီ၏ ကိုင်းညွတ်နေသောခါးကိုဖက်တွယ်ကာ မျက်လုံးလှန်ကြည့်လျှက် ကျေနပ်မှုအပြည့်ဖြင့် မေးလိုက်လေသည်။

“ ဘာလို့လဲ ငါ့ကို မတွေ့တာကြာတော့ ငါ့အကြောင်းတွေပဲ တွေးနေခဲ့တာလား။ ”

ရုံးခန်းထဲရှိ လေပေးစက်မှ အပူများလှည့်လည်နေတာကြောင့် ဆောင်းရာသီ၏ အေးစက်စက်အပူချိန်တွင်ပင် သူတို့ကိုယ်များက ချွေးသံတရွှဲရွှဲဖြင့်။ လုချီက သူ့၏ ချွေးစိုနေသော ရှေ့ဆံပင်များကို ဘေးသို့သပ်တင်လိုက်ကာ ပြန်မဖြေပေ။ လုချီ ဟော်မင်ချန်၏မျက်နှာကိုဆွဲယူကာ တင်းမာမှုန်ကုတ်နေသော မျက်ခုံးနှစ်ခုကြားသို့ အနမ်းခြွေလိုက်သည်။ သုန်မှုန်နေသော တစ်ဖက်လူ၏မျက်ခုံးများက နုညံ့လို့သွားသည်။

“ လုချီ ”

ဟော်မင်ချန် သူ့နာမည်ကို အသာဖွဖွခေါ်လိုက်တော့ ဘာအကြောင်းပြချက် ဘာအကြောင်းတရားမှမရှိပါဘဲ သူ့နှလုံးသားက ပိုမိုနွေးထွေးလာသည်။ သူ ပိုခေါ်လေ ပျော်ရွှင်မှုနှင့် ချစ်ခြင်းတရားများက ပိုလာလေပင်။

မည်သို့ပင်ဆိုစေကာမူ ရုံးခန်းက သိပ်မသင့်လျော်တာကြောင့် နှစ်ယောက်သား ခဏမျှအမောဖြေပြီးနောက် သူတို့ကိုယ်သူတို့ သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ အိမ်ပြန်ခဲ့ကြတော့သည်။ လုချီက အရူးကောင်မဟုတ်တာကိုပင် ကျေးဇူးတင်ရလိမ့်မည်။ စိတ်ထဲမှာ sex ကိုရူးသွပ်သွားတာတောင်မှ အဝတ်အစားတွေကိုဆွဲဖြဲတာမျိုး၊ ကြယ်သီးတွေကို ဆွဲဖြုတ်တာမျိုးတွေမလုပ်တာကြောင့် သူတို့နှစ်ယောက်လုံး နဂိုအတိုင်း ပုံမပျက်ပန်းမပျက်လေးပင်။ အချို့အတွန့်အကြေလေးတွေမှအပ အားလုံးအဆင်ပြေသည်။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now