Chapter 7

1.1K 218 22
                                    

Unicode
အခန်း (၇)
အိမ်လက်ဆောင်

စာပေနှင့် အနုပညာအသင်းက ကျောင်းဝက်ဘ်ဆိုက်ပေါ်မှာ ဆောင်းပါးများကို အခါအားလျော်စွာ ထုတ်ဝေလေ့ရှိသည်။ မဖြစ်မနေတက်ရသည့် ပထမနှစ်စစ်သင်တန်းပြီးဆုံးသွားသောအခါ ဆောင်းပါးအသစ်များ ထုတ်ဝေရန် တောင်းဆိုလာ​ကြသည်။ လုချီအပါအဝင် အခြားအသင်းဝင်များသည်လည်း အိပ်ပျက်ညများစွာကို ဖြတ်သန်းပြီးနောက်မှာတော့ ဆောင်းပါးအသီးသီးကို သတ်မှတ်ချက်အမီ ရေးသားပြီးစီးသွားကြလေ၏။ ၎င်းကိုမြင်တော့ အသင်းဥက္ကဌကလည်း သဘောထားကြီးစွာဖြင့် အားလပ်ရက် ၃ ရက်ပေးလာလေသည်။

သာမန်နေ့ဆိုရင်တော့ လူတွေတစ်ပုံတစ်ခေါင်းနှင့်ပြည့်နေသော ကျောင်းကန်တင်းတွင်စားဖို့ရန် လုချီမှာအချိန်မရှိ။ သူ့စားသောက်ရေးအတွက် အဆောင်မှာပဲ ခေါက်ဆွဲတစ်ဘူးလောက်စားကာ ဖြေရှင်းဖြစ်လိမ့်မည်။ ယနေ့တော့ ရှားရှားပါးပါး အားလပ်ရက်လေးရထားတာကြောင့် ကန်တင်းလာရန်ဆုံးဖြတ်ခဲ့ပြီး ပထမထပ်မှာပဲ အေးအေးလူလူနဲ့ထိုင်စားနေလိုက်သည်။

ဟော်မင်ချန်ကလည်း ကျောင်းကန်တင်းမှာဆိုပေမယ့် သူကတော့ ဒုတိယထပ်တွင်ဖြစ်သည်။ သူ့ထိုင်ခုံက လသာဆောင်လက်ရန်းနားမှာဖြစ်တာကြောင့် ခေါင်းငုံ့လိုက်စဥ်အခိုက်အတန့်မှာပဲ လုချီကိုတွေ့လိုက်ရသည်။ ပုံမှန်ဆို ကန်တင်းမလာတတ်သောသူတို့နှစ်ယောက်အား ကံကြမ္မာက ဤပုံဤနည်းနှင့် တွေ့ဆုံပေးလိုက်သည်ထင်။

ဟော်မင်ချန်က သူ့သူငယ်ချင်းတစ်စုနှင့် အတူထိုင်စားနေတာကြောင့် ထွက်သွားလိုက်လျှင် မသင့်တော်ပေ။ သူ့ဖုန်းကိုဖွင့်ကာ လုချီဆီကို စာပို့ဖို့ပြင်လိုက်သည်။ အရူး​ကောင်ဖန်းချီက သူ့နားတိုးကာ သဘောတကျရယ်မောလျှက် ပြောလာလေသည်။

“ ငါ အခုလေးတင်  ဘယ်သူ့ကိုမြင်လိုက်လဲဆိုတာ မှန်းကြည့်။ ”

ဟော်မင်ချန် ပြန်ပြောလိုက်သည်။

“ ငါ မျက်လုံးမကန်းသေးဘူး။ ကိုယ့်ထမင်းကိုယ်သာ ဆက်စားနေစမ်းပါ။ ”

ဖန်းချီ သူ့တူကို ဝါးစားလုမတတ်ဖြစ်သွားကာ သူ့လက်ကို ရင်အုပ်ပေါ်တင်ကာ ကြေကွဲဝမ်းနည်းနေသော မျက်နှာဖြင့် _

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now