Chapter 20

844 167 11
                                    

Unicode
အခန်း ( ၂၀ )
ပထမဆုံးနှင်းကျခြင်း

မားမားလုက ကျန်းမာရေးသိပ်မကောင်းတာကြောင့် စောစောစီးစီး အနားယူလေ့ရှိသည်။ သူတို့သားအမိသုံးယောက် ညစာစာပြီးကြတော့ အခန်းအသီးသီးကို ပြန်ဝင်သွားကြသည်။ သူ ဟော်မင်ချန်ဆီကဖုန်းကိုလက်ခံရတော့ ကွန်ပျူတာဖွင့်ဖို့ပြင်နေချိန်ဖြစ်၏။ သူ့နားကြပ်ကိုထိုးလိုက်ရင်း ဘာရယ်ကြောင့်မှန်းမသိပါဘဲ သူ့စိတ်ထဲမှာ သက်သာရာရသွားသလို ခံစားလိုက်ရ၏။

“ ဟယ်လို ”

တစ်ဖက်လူက သူ့ကိုဘာကြောင့် ဖုန်းခေါ်သလဲဆိုတာကို ခန့်မှန်းနိုင်သလိုပင်။

“ မြို့တော်မှာ နှင်းကျနေလား။ ”

ဟော်မင်ချန်၏အသံက မသိမသာတုန်ရီနေသည်။
“ ဘာနှင်းလဲ။ မိုးလေဝသခန့်မှန်းချက်က မှန်းလည်းမမှန်ဘူး။ ”

လုချီ မရယ်ဘဲမနေနိုင်တော့။

“ ဒါဆိုလည်း အိပ်ရာထဲမြန်မြန်သွားပြီး အိပ်တော့။ မနက်ဖြန်မှကြည့်လည်း အတူတူပဲ။ ”

နှစ်တွေအများကြီးကြာခဲ့သည့်တိုင် သူတို့တစ်သက်တာတွင် ပထဆုံးနှင်းကျတာကို တစ်ခါလေးမျှပင် မကြည့်ဖူးခဲ့ကြပေ။

ဖုန်းတစ်ဖက်တစ်ချက်စီက ထူးထူးဆန်းဆန်း သုံးစက္ကန့်​လောက် တိတ်ဆိတ်သွားကြပြီးနောက် ဟော်မင်ချန်ဘက်မှ အတည်တစ်ဝက် နောက်ပြောင်မှုတစ်ဝက်ဖြင့် ဆိုလာသည်။

“ အခုချိန် ငါ မင်းအိမ်အောက်မှာရောက်နေတယ်လို့ပြောရင် မင်း ယုံမှာလား။ I”

လုချီပါးစပ်က ချက်ချင်းပြန်ဖြေလိုက်မိသည်။

“ ပေါက်ကရလျှောက်ပြောမနေနဲ့။ ”

သို့သော်လည်း သူ့ခန္ဓာကိုယ်ကတော့ ထိုင်ခုံ​မှထပြီးဖြစ်ကာ ဂျာကင်ကိုဆွဲယူပြီး လှေကားအောက်သို့ပင် ဆင်းပြီးနေပြီ။ ပြတင်းပေါက်ကနေကြည့်ပြီးပင် အတည်ပြုစရာမလိုပေ။ ဟော်မင်ချန် သူ့အိမ်အောက်ရောက်နေပြီဆိုတာကို သူ့စိတ်ထဲကနေ အလိုလိုသိနေ၏။

ဟော်မင်ချန်က​တော့ သူ့ကားကို စက်နှိုးကာ မောင်းထွက်ဖို့ပြင်လိုက်သည်။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now