Chapter 11

992 183 13
                                    

Unicode
အခန်း (၁၁)
မုန်တိုင်းမလာခင် ငြိမ်သက်ခြင်း

လုချီ ဘာမှမပြောတော့ဘဲ မည်းမှောင်နေသော မျက်ဝန်းတစ်စုံဖြင့်သာ လုယွမ်ကို စိုက်ကြည့်နေလိုက်တော့၏။ လုယွမ်လည်း သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်အော်ရယ်ကာ လုချီ၏နဖူးကို လက်ခလယ်ဖြင့် တောက်လိုက်၏။

“ ဟဲ့ နင်နော် ! ငါတို့သားအမိဆီက ငွေလိမ်တောင်းဖို့ကို စဥ်းတောင်မစဥ်းစားနဲ့။ ယောကျာ်းဆိုတာ ကိုယ့်အားကိုယ်ကိုးရမယ်။ အမေက မှာထားပြီးသား။ နင်အရူးမထမှာစိုးတာနဲ့ ငါမုန့်ဖိုးတွေ နင့်ကိုမပေးနဲ့တဲ့။ ”

“ ငါ အမေဆီက ပိုက်ဆံတောင်းဖို့ ဘယ်တုန်းကမှ အစီအစဥ်မရှိခဲ့ဘူး။ ဒုက္ခရောက်ရင်တောင် ငါကယောကျာ်းလေး။ နင့်ကိုယ်နင်သာ ဂရုစိုက်စမ်းပါ။ ”

သူတို့၏ဖခင်သည် စောစောစီးစီး သေဆုံးသွားခဲ့ပြီး ​မောင်နှမနှစ်ယောက်လုံးသည် အမေတစ်ယောက်တည်း၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့ကြရသည်။ သူတို့မိခင်သည် အသက်ကြီးလာသည်နှင့်အမျှ ကျန်မာရေးသည်လည်း စတင်ယိုယွင်းလာခဲ့ကာ တစ်မိသားစုလုံးသည် သူမ၏ အငြိမ်းစားပင်စင်လစာအပေါ်တွင်သာ မှီခိုကြရတော့၏။

လုယွမ်က ပညာရေးတွင် မညံ့ချေ။ သို့သော်လည်း အထက်တန်းပြီးတာနှင့် အလုပ်တန်းဝင်ခဲ့၏။ အကြောင်းမူကား သူမဘဝကို ပိုမိုအောင်မြင်တိုးတက်ချင်သလို သူမမိသားစုကို တစ်ထောင့်တစ်နေရာမှ ထောက်ပံ့ပေးနိုင်ရန်ဖြစ်သည်။ ဤအပြုအမူက လေးစားဖွယ်လုပ်ရပ်ဟုထင်ရသော်လည်း မိသားစု၏ဝေးကွာသော လောကတစ်နေရာတွင် ရုန်းကန်လှုပ်ရှားနေရသည့် သူမ၏နာကျင်မှုများကိုတော့ မည်သူမှမသိပေ။

လုယွမ် နာရီကိုငုံ့ကြည့်လိုက်လို့ အချိန်သုံးနာရီကုန်သွားမှန်းမသိခင်အထိ ရောက်တတ်ရာရာ စကားပြောနေခဲ့ကြသည်။

“ အယ် နောက်ကျနေပြီ ငါသွားတော့မယ်။ ”

လုချီလည်း မတ်တပ်ထရပ်ကာ လုယွမ်၏ စာရွက်အပြည့်နှင့်  အလုပ်အိတ်ကို ကောက်မလိုက်၏။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now