Chapter 9

1K 191 17
                                    

Unicode
အခန်း (၉)
ဝိုင်သောက်ပွဲ

ကားက အိမ်ကိုသွားနေရာကနေ လမ်းတစ်ဝက်အရောက်မှာ လမ်း​​ကြောင်းပြောင်းသွားသည်။ ဟော်မင်ချန်က ရုတ်တရက် ဆိုလာ၏။

“ ဒီရန်ပွဲ ……  မဟုတ်ဘူး။ မင်း တစ်ဖက်သတ်အရိုက်ခံရတာလို့ ပြောရမှာပေါ့။ ငါ အချိန်မီရောက်လာလို့ပေါ့။ ငါ့ကိုစာပို့အကြောင်းကြားလိုက်တဲ့ ဖန်းချီကို ကျေးဇူးတင်ရမယ်။ သူ့ကို ထမင်းတစ်နပ်ကျွေးပြီး ကျေးဇူးဆပ်ကြရအောင်။ ငါတို့လည်း ညစာမစားရသေး​တော့ အံကိုက်ပဲပေါ့​။ ”

ဒါက ဟော်မင်းချန်စိတ်ထဲမှာ လျှပ်တပြတ်ပေါ်လာသော အတွေးမဟုတ်မှန်း အသိသာကြီးပင်။

“……”

လုချီ ဟော်မင်ချန်ကို ဘာမှအတွန့်တက်ပြောမနေတော့ဘဲ သူ့ဆံပင်တွေကိုသာ နောက်ကိုသပ်ချလိုက်တော့၏။ ချောမောလှသော သူ့မျက်နှာနှင့် လားလားမှမဆိုင်သည့် ဒဏ်ရာတွေကို ဘယ်လိုရှင်းပြရမှန်း သူမသိတော့။

“ ပြန်မထိုးလိုက်နိုင်တာနဲ့ပဲ ငါ့ရဲ့ခွန်အားကို လျှော့မတွက်နဲ့နော်။ ”

“ ငါလည်း မင်းခွန်အားကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ဖူးပါဘူး။ ”

ဟော်မင်ချန်က လမ်းကြောင်းကြည့်ကာ  ကားမောင်း​နေရင်းကနေ ပွင့်လင်းစွာ ပြောလာသည်။

“ မင်းက အိပ်ရာပေါ်မှာ သိပ်ကြမ်းတယ်လေ။ ”

“…… ငါ့ခွန်အားတွေကို မြင်​ပေးတဲ့အတွက် ငါလည်း အရမ်းကိုမှ ဝမ်းမြောက်မိပါတယ်ကွာ။ ”

သူတို့ စကားလည်းဆုံးရော စားသောက်ဆိုင်သို့ပင် ရောက်လို့နေပြီ။ လုချီကတော့ သူ့ပုံရိပ်ကို ထိခိုက်စေနိုင်သည့် မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေကို သတိထားမိတော့ ကားထဲကနေမထွက်တော့ပေ။ ဒါကိုမြင်တော့ ဟော်မင်ချန်က ခရီးသည်ထိုင်ခုံတံခါးဘက်ကို လှည့်လျှောက်ကာ ကားပြတင်းပေါက်ကနေ သူ့ကိုငုံ့ကြည့်လာသည်။

“ မင်း ကားပေါ်ကမဆင်းချင်ရင်လည်း အိမ်ပြန်ပြီး အိပ်ရာထဲမှာ ပျော်စရာလေးတွေရှာကြမယ်​လေ။ ”

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now