Chapter 25 ( Part 2 )

715 134 7
                                    

Unicode
အခန်း ( ၂၅ )
မြွေကို သူ့တွင်းထဲမှ မျှားထုတ်ခြင်း ( အပိုင်း ၂ )

မျက်စိတစ်မှိတ်အတွင်းမှာပဲ လုချီ မြို့တော်ကိုပြန်ရောက်လာတာက တစ်နှစ်ခွဲကျော်သွားပြီ။ လုချီခမျာ မားမားလုထံမှဖုန်းကိုရမှသာ သူ့မွေးနေ့ရောက်ပြီဖြစ်မှန်း သတိရသွား၏။ တစ်နည်းဆိုရသော် အသက်တစ်နှစ်ကြီးသွားခဲ့ပြီ။ ၎င်းက တကယ့်ကို ရယ်စရာကောင်းပြီး အတော့်ကို ထူးဆန်းနေ၏။

“ သားက အိမ်ကနေ ဟိုးအဝေးကြီးမှာနေနေတာ။ သားညီမလေးကို ဂရုစိုက်ဖို့လည်း သတိရဦး​။ အားလပ်ရက် သားတို့အိမ်ပြန်လာရင် လွန်သွားတဲ့သားမွေးနေ့ကို အမေလုပ်ပေးမယ်နော်။ သားအကြိုက်ဟင်းတွေလည်း ချက်ပေးမယ်။ မိသားစုလေး စုံစုံညီညီနေကြတာပေါ့။ ”

သွေးနီးလေ ပြောစရာ စကားက ပိုနည်းလာ​ဖြစ်တာကြောင့် မိနစ်ပိုင်းလောက် ဖုန်းပြောပြီးတာနှင့် လုချီဖုန်းချလိုက်တော့၏။ သို့သော်လည်း ခဏမျှအကြာတွင် နောက်ထပ်ဖုန်းတစ်လုံးဝင်လာ၏။ ဒီတစ်ခါကတော့ လုယွမ်ထံမှဖြစ်သည်။

“ အား-ချီ Happy Birthday ~”

သူမအသံက ရယ်မောသံများနှင့် ပြည့်သွားလေသည်။

“ ငါ ကိတ်တစ်လုံးမှာထားပြီးပြီ။ ၇ နာရီအလုပ်ဆင်းရင် ငါ့ကိုလာကြိုလှည့်​နော်။ အပြင်ထွက်လည်​ပြီး ညစာလည်းစားကြမယ်လေ။ တကယ်က ဒါက နင်မြို့တော်ကိုလာပြီးတဲ့နောက် ပထမဆုံးမွေးနေ့ပဲလေနော့။ ”

လုချီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

“ ကိတ်မုန့်မလိုပါဘူးဟ။ နင်က diet လုပ်၊ ငါက အချိုမကြိုက်တာနဲ့ စားမှမစားကြပဲနဲ့ဟာ။ ဝယ်ထားတဲ့ အမှိုက်သာသာပဲဖြစ်မှာ။  ”

“ မဟုတ်ဘူး မဟုတ်ဘူး လုပ်ရိုးလုပ်နည်းတွေကို လိုက်နာမှကိုဖြစ်မှာ။ ငါက မှာတောင်မှာပြီးသွားပြီ​လေ။ လုပ်စရာအလုပ်တွေရှိသေးလို့ နောက်မှဆက်ပြောတော့မယ်ဟာ ဘိုင့် ~”

အလုပ်က စတင်အကျွမ်းဝင်လာပြီမို့ အတော့်ကို အလုပ်များလာလေပြီ။ သူမကိုယ်သူမလည်း အလုပ်ထံမှာ လုံးလုံးလျားလျားကို နစ်မြှုပ်ထားတော့၏။ ဒါ့ကြောင့်ပဲ လုယွမ်က လုချီဆီဖုန်းသိပ်မဆက်ဖြစ်တော့။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now