Chapter 28

698 124 3
                                    

Unicode
အခန်း ( ၂၈ )
ရုပ်ရှင်

ရက်အနည်းငယ်အကြာတွင် ချန်လျှန်တုန်ဖော်ကောင်လုပ်ခဲ့သလိုပဲ ဟော်ယွမ်ကွမ်က သူနေမကောင်း​ကြောင်း​ စကားစလာကာ ဟွမ်ယီရင်းရှန်စီမံကိန်းကို ဟော်မင်ချောင်ထံ လွှဲပေးဖို့ အကြောင်းရှာလာသည်။ စီမံကိန်းကို လွဲပြောင်းပေးပြီးနောက်တော့ သူ့ကို ကိုယ့်ရှူးကိုယ်ပတ်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

နောက်ထပ်ရက်ပိုင်းအတွင်းမှာတော့ ဘုတ်အဖွဲ့ဝင်များအတွက် အစည်းအဝေးအချိန်ကာလသို့ ကျရောက်လာခဲ့ပြီ။ ဟော်မင်ချောင် ထိုအကြောင်းကိုတွေးမိတော့ အလုပ်သမားခေါင်းဆောင်များကို ညွှန်ကြားလိုက်သည်။

“ ဆောက်လုပ်ရေးကို ဒီနေ့ရပ်ထားလို့ရတယ်။ အလုပ်သမားတွေကို လုပ်အားခ​ရှင်းပေး​ပြီး တစ်ရက်နားပေးလိုက်ပါ။  ”

ဟော်ယွမ်ကွမ်သာ ထက်မြက်မယ်ဆိုလျှင် ဤအချိန်ကို လှုပ်ရှားဖို့ ရွေးချယ်လိမ့်မည်။ သူ့လက်ထဲကို ရာထူးအာဏာပါဝါနှင့် ဟော်စီးပွားရေးလုပ်ငန်းများ ရောက်ရှိလာချိန်၌ ဆောက်လုပ်ရေးဆိုက်ပြိုကျရာတွင် သက်ရှိလူသားတစ်ယောက်မ မပါဝင်သရွေ့ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်ကာ ဆုံးရှုံးနည်းစေနိုင်သည်​လေ။

*****

နောက်ဆုံးမှာတော့ ဖုန်းကျယ်၏ ကုမ္ပဏီမှာလည်း အတွင်းပိုင်းပြုပြင်မွမ်းမံမှုများ အပြီးသတ်သွားကာ လုချီဒီဇိုင်းဆွဲခဲ့သော ပရိုဂရမ်မှာလည်း တိုးတက်ဖွံ့ဖြိုးလို့လာပြီ။ အပြာနုရောင်နောက်ခံပေါ်မှာ စာလုံးအဖြူနဲ့ M&E ဆိုတဲ့ App ဒီဇိုင်းက တောင်ပြောင်နေပြီး မျက်လုံးပဒါသဖြစ်ကာ မှတ်မိလွယ်သည်။ 

လုချီ ကြယ်စုတစ်ခုကိုဖန်တီးရန် သိပ္ပံပညာကိုသုံးထားသည့် အဖွင့်ပြသမှုပေါ်က ဆုံချက်အများစုကိုနှိပ်လိုက်တော့ ကြယ်မိုးများက စခရင်ပေါ်တွင် ၁.၅ စက္ကန့်လောက် ပျံသန်းသွားသည်။ ၎င်းက တိုလည်းမတို ကြာလည်းမကြာဘဲ အချိန်ကွက်တိပင်။
[ Application တစ်ခုကို စဖွင့်တဲ့အချိန်မှာပေါ်လာတဲ့ loading time နေရာလေးပါ။ မျက်လုံးထဲပေါ်ကြလားမသိ။ ]

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now