Chapter 10

988 206 9
                                    

Unicode
အခန်း (၁၀)
ညီမလေး

“ ဘာလဲ ”

စကားလမ်းကြောင်းက ရုတ်တရက်ပြောင်းသွားတာကြောင့် ဟော်မင်ချန် သူ့ကိုယ်သူနားကြားမှားသလို လုချီကို​ပြန်​မေးလာသည်။ သို့သော်လည်း လုချီက ထပ်ပြောမ​နေတော့ပါ။ ဟော်မင်ချန်သေချာကြားလိုက်မှန်း သူသိပါသည်။ ထို့ကြောင့်ပဲ ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ကာ ပြတင်းပေါက်ကနေသာ ဖြတ်သန်းမောင်းနှင်နေသော ကားများဆီသို့ အကြည့်လွှဲလိုက်တော့၏။

ကားထဲရှိ လေထုက ပိုမိုတိတ်ဆိတ်သွားသည်။

ဟော်မင်ချန်လည်း လုချီမေးခွန်းကို မည်သို့ဖြေရမှန်းမသိတော့။ သို့မဟုတ် ဒီအကြောင်းကို တစ်ခါမှ မစဥ်းစားကြည့်ဖူးပါဟု ပြောလို့ရသည်။ ဟော်မင်ချန် အချိန်အတော်ကြာမထိခဲ့သော သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်၏။ ‘ကလစ်’ ဆိုသော အသံတစ်သံက ကားအတွင်းမှာ ရှင်းလင်းစွာ ထွက်ပေါ်လာကာ အပြာရောင် မီးတောက်ဖျော့ဖျော့က သူ့မျက်လုံးတွေထဲမှာ အလင်းပြန်လာသည်။

ဟော်မင်ချန်က အကြောင်းကိစ္စများကို ရှင်းပြရတာမျိုးအား အမြဲလိုလို သဘောမတွေ့ခဲ့သလို ယင်းအတွက်လည်း ဘယ်သောအခါမှ အချိန်မဖြုန်းခဲ့။ စီးကရက်တစ်ဝက်လောက် ပြာကျသွား​ပြီးနောက်မှာတော့ ပုံမှန်နှင့်မတူဘဲ ရှင်းလင်းပြောပြပေးရေးမှာ စိတ်ရှည်နေတော့သည်။

“ ငါက မိန်းမတွေကို မကြိုက်သလို လက်ထပ်မှာလည်း မဟုတ်ဘူး။ ”

ဟော်မင်ချန်၏ အဖြေကို လုချီ အတော်လေးစိတ်ဝင်စားသွားသည်။

“ မင်းကို အတင်းအကျပ်လက်ထပ်ခိုင်းကြရင်ရော ဘယ်လိုလုပ်မလဲ။ မင်း ငြင်းလို့ရမှာ မဟုတ်ဘူး။ ”

“ ဒါက လူအပေါ်မှာ မူတည်ပြီး ကွဲပြားမှာပဲ။ ကျိုးရှီးဟန်က လက်ထပ်ပွဲကို မငြင်းဆန်နိုင်တာနဲ့ပဲ ငါကလည်း လက်ခံလိုက်ရမှာမှမဟုတ်တာ။ ငါသာ ငြင်းချင်ရင် ငါ့မိဘတွေလည်း တားနိုင်မှာမဟုတ်ဘူး။ ”

သို့ပေသိ ဟော်မင်ချန်၏ လက်ထပ်ပွဲက သူလက်ခံလား၊ လက်မခံဘူးလားဆိုတာအပေါ်မှာသာ အမှန်တကယ် မူတည်နေသည်။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now