Chapter 25 ( Part 3 )

786 123 5
                                    

Unicode
အခန်း ( ၂၅ )
မြွေကို တွင်းထဲမှ မျှားထုတ်ခြင်း
( အပိုင်း ၃ )

ကားအက်စီးဒင့်ဖြစ်တာက တစ်လခွဲပင်ရှိခဲ့ပြီ။ ဒါရိုက်ဘာကျန်းရှို့က ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး ICU ခန်းထဲမှာလှဲရင်း အန္တရာယ်ရှိသောကာလကို ကျော်ဖြတ်နိုင်ရန် စောင့်ဆိုင်းနေရသည်။ သူ့မိသားစုက သာမန်လက်လုပ်လက်စားမျှသာဖြစ်ကာ သူ့သားကလည်း ငွေတိုးချေးသမားတွေကနေချေးထားသော လောင်းကစားကြွေးများရှိနေ၏။ ဆိုလိုသည်ကား သူ့ကိုဆေးရုံဆက်တင်ဖို့အတွက် သူ့မိသားစုမှာ ငွေပိုမရှိတော့တာပင်။

ကျန်းရှို့ကားအက်စီးဒင့်ဖြစ်ကတည်းက သူ့သားနှင့်ချွေးမက ဝေးနိုင်သမျှဝေးအောင် ထွက်ပြေးတိမ်းရှောင်သွားကြလေပြီ။ ဟော်မင်ချောင်က ဆေးရုံစရိတ်ခံပေးနေတာကြောင့် ကျန်းရှို့ ဆေးကုသမှုဆက်လက်ခံယူနိုင်တာဖြစ်သည်။

ထိုအကြောင်းကို ဟော်ယွမ်ကွမ်သိသွားပြီးနောက် အစပိုင်းတော့ တိုးတိုးတိတ်တိတ် အရိပ်အမြွတ်နဲ့ ဝေလည်ကြောင်ပတ်ပြောတတ်၏။ ထို့နောက်မှာတော့ ကျန်းရှို့အား ထောက်ပံ့ပေးနေတာကိုရပ်တန့်ဖို့ရန် ဟော်မင်ချောင်ကို ပေါ်ပေါ်တင်တင် တိုက်တွန်းလို့လာသည်။

“ သူက ဒါရိုင်ဘာတစ်ယောက်ပဲလေ။ ပိုက်ဆံနည်းနည်းပါးပါးလောက် ပေးလိုက်ရင် ရပြီကိုကွာ။ အဲ့ဒီလူသာ တစ်သက်လုံးသတိမေ့နေခဲ့ရင် မင်းက တစ်သက်လုံး သူကိုစောင့်ရှောက်ပေးရတော့မှာ။ ဟော်မိသားစုစီးပွားရေးလုပ်ငန်းမှာ ဒီလိုအလုပ်သမားတွေမှ အများကြီးပဲ။ တစ်ယောက်ကိုဂရုစိုက်ပြီး ​နောက်တစ်ယောက်ကိုပစ်ထားရင် မကျေနပ်တဲ့အသံတွေထွက်လာလိမ့်မယ်။ ”

အခုအချိန်မှာတော့ ဟော်မင်ချောင်မှာ သူ့ဦးလေးကိုမြင်တိုင်း သူ့ကိုယ်ကထွက်လာသော သွားချင်းရိုက်လောက်သည့် အအေးဓာတ်ကိုပင် ခံစားမိနိုင်၏။ ကျန်းရှို့ဆိုတာက ဟော်ယွမ်ကွမ်၏လုပ်ကြံမှုမှာ အရေးကြီးဆုံးသက်သေတစ်ခုဖြစ်သည်။ ထို့ကြောင့် မည်သို့ပင်ဆိုစေ ဟော်မင်ချောင် သူ့ကို သေခွင့်မပြုနိုင်ပေ။ သူ့နှုတ်ခမ်းမှာ အပြုံတုတစ်ခုချိတ်ဆွဲကာ ပြန်ပြောလိုက်သည်။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now