Chapter 29

2.1K 174 17
                                    

Unicode
အခန်း ( ၂၉ )
စွဲလမ်းမှု

ဟော်မင်းချန် လေးလေးနက်နက် တွေးတောနေသည်မှာ အရူးနှင့်တောင် တူနေပြီ။ ဘယ်အချိန်ရုပ်ရှင်ပြီးသွားလဲ၊ လူတွေဘယ်အချိန်ပြန်သွားကြလဲဆိုတာကိုတောင် မသိလိုက်ပေ။ ရုပ်ရှင်စာတန်းထိုးတာကို စောင့်ကြည့်နေသည် လူလေးလက်တစ်ဆုပ်လောက်သာ ကျန်ရှိတော့သည်။

လုချီ ကျောချမ်းလာတာကြောင့် ဟောင်မင်ချန်နားရွက်ဖျားကို လက်ညှိုးဖြင့် တို့လိုက်၏။ ကြာလေကြာလေ ဟော်မင်ချန်အတွေးတွေကို သေချာနားမလည်နိုင်မှန်း သူပိုသိလာလေပင်။

" ဒီလောက်အတွေးနက်နေရအောင် ဘာတွေများတွေးနေတာလဲ။ "

ဟော်မင်ချန်က ပွင့်လင်းသော စရိုက်ရှိကာ သူ့အတွေးများကို မျိုသိပ်မထားနိုင်ပေ။ သူ လုချီကို မော့ကြည့်လာ၏။

" ငါ တွေးနေတာ... မင်းသာ ငါနဲ့ အတူတူသေရမယ်ဆိုရင် ဘယ်လိုဖြစ်မလဲလို့။ "

ဘယ်လိုရယ်​ကြောင့်မှန်းမသိ စေ့စပ်ညှိနှိုင်းသည့်ခံစားချက်က လွှမ်းခြုံသွားသည်။

လုချီ မှင်သက်သွားပြီး ခေါင်းတခါခါဖြင့် တွေးလိုက်မိ၏။ မနက်မိုးလင်းကနေ ညနက်နေဝင်အချိန်အထိ ဘယ်လိုရှင်သန်ရမလဲဆိုတာကို မတွေးဘဲ ဘယ်လိုသေရမလဲဆိုတာကို တွေးရသည်အထိ ဟော်မင်ချန်တစ်ယောက်တော့ ရူးသွားပြီ။

" ဘယ်လိုမှမဖြစ်ဘူး။ "

လုချီ စကားဆုံးတာနှင့် ဘာမှညှိနှိုင်းမနေတော့။ သို့သော် ဟော်မင်ချန် ရူးနေတာကို သိထားပြီးမှတော့ ဝေးဝေးရှောင်နေစရာမလိုတော့​ပေ။ ဘာလို့ အလေးအနက်ထားနေရမှာလဲ။

" ဒါပေမယ့် သင်္ချိုင်းထဲက မြေနေရာတွေက အခုဆို တအားစျေးကြီးနေပြီ။ မင်း အုတ်ဂူဝယ်လို့ မင်းဘေးမှာ ငါ့အတွက် တစ်လုံးပိုဝယ်ပေးမယ်ဆိုရင်တော့ ငါ့ဘက်ကလည်း ကန့်ကွက်စရာမရှိပါဘူး။ သေပြီးရင် အတူနေနိုင်ပေမယ့် အတူတူသေရတဲ့အတွက်တော့ ကျေးဇူးမတင်နိုင်ဘူး။ "

အရင်ဘဝမှာ သူ အသက်သုံးဆယ်ကျော်အောင် မနေခဲ့ရ။ အသေစောတယ်လို့တော့ ခေါ်လို့မရပေ။ ထိုအစား မချိန်မတန်ဘဲ သေဆုံးခဲ့ရတာဖြစ်သည်။ သည်ဘဝမှာတော့ အနည်းဆုံး နှစ်တစ်ရာကျော်အောင် နေသွားသင့်သည်။

You've reached the end of published parts.

⏰ Last updated: Feb 23, 2022 ⏰

Add this story to your Library to get notified about new parts!

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now