Chapter 24.2

803 129 9
                                    

Unicode
အခန်း ( ၂၄.၂)

လုယွမ်သည် ကုမ္ပဏီက သူမ၏အလုပ်အကိုင်အပေါ် အတော်လေးကို ကျေနပ်နေမိ၏။ လူတွေကလည်း ပေါင်းလို့သင်းလို့ကောင်းကာ လုပ်ငန်းကလည်း ရိုးရိုးရှင်းရှင်းလေးသာ။ သူမသာ အလုပ်ကြိုးစားမည်ဆိုပါက နှစ်အနည်းငယ်အတွင်းမှာ အိမ်တစ်လုံးပင် ဝယ်လို့ရလောက်ပြီ။ သို့သော်လည်း အမွေဆက်ဆံရေးတိုက်ပွဲ သို့မဟုတ် နောက်ကွယ်ကလျို့ဝှက်ကြိုးကိုင်ခြယ်လှယ်မှုကြီးတွင် ကိုယ်တိုင်ကိုယ်ကျဝင်မပါတတ်သောသူမက သူ့အစ်ကို၏လက်အောက်သို့ အမှန်တကယ်ကျရောက်သွားမည်ဟု မတွေးခဲ့မိပေ။

သူမ၏ လုပ်ဖော်ကိုင်ဖက်များက လုယွမ်ဖုန်းသွားပြောပြီး မျက်နှာမဲလျှက်ပြန်လာသည်ကို သာမြင်လိုက်ရ၏။ မဲတာမှ နည်းနည်းလေးတောင်မဟုတ်။ လုယွမ်က သူမအလုပ်ခုံမှာ ပျော့တိပျော့ခွေဖြင့်ဝင်ထိုင်ရင်း တဒင်္ဂမျှခေါင်းမော့ကာ အစည်းအဝေးခန်းရှိရာသို့ အကဲခတ်လိုက်သည်။ သူမအလုပ်ကို စိတ်မဝင်စားတော့တာ အသိသာပင်။

လုယွမ် မျက်မှောင်အကုတ်သားဖြင့် သူမဖောင်တိန်ကို စားပွဲပေါ်မှာ တတောက်တောက်ခေါက်နေမိ၏။ နောက်ဆုံးတစ်ချက်မျှအကဲခတ်ပြီးနောက် သူမဓာတ်ဘူးသို့ အကြည့်ရောက်သွားပြီး ဆုံးဖြတ်ချက်ချလိုက်လေသည်။

လုယွမ် သူမဖန်ခွက်ကိုကိုင်ကာ နားနေခန်းဘက်သို့ ထလာခဲ့၏။ သို့သော်ငြားလည်း အလုပ်ဆင်းချိန်နီးကပ်လာပြီဖြစ်လို့ အသင့်ဖျော်ကော်ဖီမှုန့်များက ကုန်လုနီးနီးပင်။ အဓိပ္ပါယ်ကတော့ ကော်ဖီမှုန့်ယူဖို့ နောက်တစ်ထပ်က နားနေခန်းစီ သွားရတော့မည်ဖြစ်၏။ တစ်ထပ်လေးသာဖြစ်တာကြောင့် ဓာတ်လှေကားမစီးဖို့ရန် တွေးလိုက်သည်။ သူမ လှေကားဝသို့ လှည့်ကြည့်လိုက်သည့်အခါ ဒေါသတကြီး တီးတိုးပြောဆုံသံများကို ကြားလိုက်ရမည်ဟု မည်သူကများ သိမည်နည်း။

အလုပ်ချိန်ပဲရှိသေးတာကို ဘယ်သူကများ ဒီမှာလာပုန်းနေရဲသေးတာလဲ။

လုယွမ်က လှေကားလက်ရန်းကိုသုံးကာ သူမကိုယ်ကိုထိန်းမတ်လိုက်ပြီး ဘယ်သူရှိနေလဲဆိုတာကို ငုံ့ကာခိုးကြည့်လိုက်လေ၏။ လက်စသတ်တော့ ဒုဥက္ကဌ၏လက်ထောက် ချန်လျှန်တုန်နှင့် ဥက္ကဌ၏ဒရိုင်ဘာ ကျန်းရှို့ဖြစ်နေ၏။ ချန်လျှန်တုန်ပြောသမျှက ကျန်းရှို့၏မျက်နှာကို မီးခိုးပြာများနှယ် မှောင်မဲလို့သွားစေသည်။ ကံမကောင်းစွာပဲ သူတို့အသံတွေက တိုးလွန်းနေကာ လုယွမ် ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now