Chapter 13

1K 193 25
                                    

Unicode
အခန်း (၁၃)
အားကစားနေ့

တစ်ခါတစ်ရံတွင် ဘဝဆိုသည်မှာ အိပ်မက်တစ်ခုလိုပင်။ လွန်ခဲ့သောရက်ပိုင်းက သူတို့နှစ်ယောက်သည် ရင်းနှီးနေကြဆဲဖြစ်သည့်တိုင် ယနေ့တွင်မူ သူစိမ်းများနှယ် လမ်းကိုယ်စီရွေးကာ လျှောက်လှမ်းနေကြ၏။

‘C’ တက္ကသိုလ်က ကြီးမားကျယ်ဝန်းလွန်းသော်လည်း ဘဏ္ဍာရေးအဆောင်နှင့် စာရင်းကိုင်အဆောင်က ကပ်လျှက်ပင်။ တက္ကသိုလ်အတွင်းကို အဝင်အထွက်လုပ်ရင်း မတွေ့ချင်တဲ့လူကို ၁၀ ကြိမ်မှာ ၁ကြိမ်တော့တွေ့ရလိမ့်မည်။

ဖန်းချီနှင့် သူ့အဖွဲ့က အမြဲတမ်းတပူးပူးတတွဲတွဲဖြစ်ကာ သူတို့အားလုံးကလည်း ချောမောပြီး ချမ်းသာသော သခင်လေးများသာ။ အဖွဲ့ထဲက မည်သူမည်ဝါပင်ဖြစ်စေ ‘C’ တက္ကသိုလ်၏ နာမည်ကြီးများသာ​ဖြစ်၏။ ဟော်မင်ချန်ကတော့ ထိပ်တကာ ထိပ်ခေါင်ဆိုတာ ပြောစရာပင်မလိုပါချေ။ ဟော်မင်ချန်က လောကကြီးမှာ ဘာကိုမှဂရုစိုက်ရာမလိုဘဲ လုပ်ချင်တာကို ထင်ရာစိုင်းတတ်သည့် သူ့ငယ်ဘဝကို ပြန်ရောက်သွားပုံပင်။ သူနှင့်ပိုနီးစပ်အောင် လူတွေကို ဆွဲဆောင်နိုင်ပေမယ့် သူ့ဘေးနားကပ်လာသော လူများကိုလည်း ကြောက်ရွံ့အောင် လုပ်နေပြန်သည်။
 
လူချီက နေ့လည်ပိုင်းအတွက် အတန်းတက်စရာရှိ၏။ ထို့အပြင် အမြဲလိုလို ထိုင်ခုံနေရာဦးဖို့ရာအတွက် ဆယ်မိနစ်ကြိုသွားသော အကျင့်တစ်ခုလည်း ရှိပြန်သည်။ မင်းသာ တစ်ယောက်ယောက်ကို ရှောင်နေရင် အဲ့ဒီလူနဲ့ သေချာပေါက်တွေ့လိမ့်မယ်လို့ လူတွေပြောကြသည့်အတိုင်းပဲ။ နှစ်မီတာအကွာမှာ ဟော်မင်ချန်ဦးဆောင်​သောအဖွဲ့ကို လုချီတွေ့လိုက်ရ၏။

ထိုတစ်ညတာကုန်ဆုံးသွားပြီးနောက်မှာ လုချီကတော့ အရာအားလုံးကိုခွင့်လွှတ်လိုက်ပြီ။ နေရာတိုင်းမှာ ရွေတောင်တွေရှိတာပဲ။ သူကတော့ ပုံမှန်အတိုင်းပဲပြုမူကာ ပုန်းရှောင်မနေတော့ပါ။ သို့ပေသည့် ဟော်မင်ချန်တို့အုပ်စုကို နှုတ်မဆက်ဘဲ အေးအေးဆေးဆေးသာ ဖြတ်လျှောက်လာခဲ့လိုက်သည်။

“ အာ… ဒါက လုချီမဟုတ် ……”

သူတို့လမ်းခွဲပြီးတာကိုမသိသော ဖန်းချီက လုချီကိုမြင်တော့ လှမ်းနှုတ်ဆက်ဖို့ပြင်လိုက်၏။ ဟော်မင်ချန်ကတော့ ဖန်ချီကို တစ်ချက်လောက်ဆောင့်ကန်ကာ အကြည့်လွှဲရင်း ဆိုသည်။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now