Chapter 6

1.2K 242 7
                                    

Unicode
အခန်း (၆)
ဆေးသွင်းခြင်း

လုချီတစ်ယောက် ဌာနနှစ်ခုဝင်ခဲ့၏။ နေ့စဥ်နေ့တိုင်း အစည်းအဝေးတစ်ခုတက်လိုက်တာနှင့် နေ့တစ်ဝက်လောက် အချိန်ကုန်သွားသည်။ စနေ၊ တနင်္ဂနွေက အချိန်ပိုင်းကျူရှင်သင်တာနှင့် ကျောင်းသင်ခန်းစာတွေပါ ပါလာချိန်မှာတော့ အားလပ်ချိန်​က သိပ်မကျန်တော့။

ဟော်မင်ချန်လည်း သူကို တစ်နေ့လည်လုံးစာပို့နေခဲ့သည်။ ပြန်စာမရတာကြောင့် ဖုန်းခေါ်တော့လည်း ဖုန်းကမကိုင်ပြန်။ သူ လုချီကိုတွေ့ချင်ပေမယ့် လုချီက ရောက်ကိုမလာတော့။ ၎င်းက ဟော်မင်ချန်ကို တစ်နေ့လုံး စိတ်တိုနေစေပြီး သူ့မျက်နှာတစ်ခုလုံး မျက်မှောင်အကုတ်သားဖြင့် မှုန်ကုတ်နေ​စေသည်။ ဖန်းချီနှင့် ချောင်ထန်းယောင်တို့နှစ်ယောက်မှာ ဟော်မင်ချန်အဝေးမှာသာ ငြိမ်ကုပ်နေကြလေ၏။

“ အဲ့ဒါဘာဖြစ်နေတာလဲ။ သူ့မျက်နှာကြီးက သေမလိုဖြူဖျော့နေတယ်ဟ။ ”

“ ရာသီလာနေတာ​နေမှာ​ပေါ့။ ”

ဟော်မင်ချန် သူတို့နှစ်ယောက်ကို အပြစ်ပေးဖို့ရာ ပျင်းရိနေသည်။ ယောကျာ်းနှစ်ယောက်ကြားက ဆက်ဆံရေးက ထိရှနာကျင်လွယ်သည်။ အထူးသဖြင့် အောက်ထပ်ကလူ​ပင်။ မနေ့က လုချီ သူ့ကို သေချာသန့်ရှင်းဆေးကြောပေးခဲ့ပေမယ့် အဖျားနည်းနည်းဝင်နေဆဲပင်။

ထိုသို့​သော ဖျားနာနေသူများဟာ ခံစားလွယ်နေတတ်ကြပြီး အတွေးများနေတတ်ကြသည်။ အထူးသဖြင့် ယခုလို သူ့ပါတနာကို မတွေ့ရချိန်မှာပေါ့။ သူ့မှာ ဒေါသမထွက်ဘဲ မနေနိုင်တော့။ ထို့အပြင် ညနေပိုင်း self-study ချိန်ရောက်တော့လည်း သူတို့ကို စောင့်ဖို့လာတဲ့လူက လုချီမဟုတ်ခဲ့။

ဖန်းချီက ဟော်မင်ချန်၏ အဖျားရှိနေသောမျက်နှာကို အကဲခတ်ရင်း မနေ့ညက ဟော်မင်ချန်တစ်ယောက် အဆောင်ပြန်မလာတာကို သတိရသွားတယ်။ သူ့ဦးနှောက်ထဲ အတွေးတစ်ခုဝင်လာမိတော့ သူ့ကိုယ်ထဲက ဝိညာဉ်​လွင့်မတတ် လန်ဖျန့်သွားရ၏။

“ မင်းတို့နှစ်ယောက် ဖြစ်ပြီးတာတော့ မဟုတ်ပါဘူးနော် ….. နေပါဦး…ဒါက မြန်လွန်းမနေဘူးလား ??”

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now