Chapter 19

814 152 9
                                    

Unicode
အခန်း ( ၁၉ )
အထိတ်တလန့်နှင့် ဂနာမငြိမ်ဖြစ်ခြင်း

လုချီကတော့ သူ့ကို လုယွမ်နားမလည်ဟု စိတ်ထဲမှာတွေးမိသွား၏။ ညရောက်တော့လည်း သူအိပ်မပျော်။ အနွေးဓာတ်အတွက် အပူပေးစက်မရှိတာ​ကြောင့် အအေးဓာတ်က အခန်းအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာလေသည်။ သူကတော့ ဘာကိုမှမခံစားရပေ။ မျက်လုံးကိုမှိတ်ကာ ခေါင်းအုံးကိုမှီထားရင်း သူပြန်လည်မွေးဖွားလာချိန်မှ အသေးစိတ်အားလုံးကို ပြန်မှတ်မိဖို့ရာ ကြိုးစားနေမိ၏။ ခိုင်လုံသော သက်သေအထောက်အထားစိုးစိမျှကို မတွေ့ရဘဲ သူ့စိတ်ထဲက သံသယများကိုသာ တွေးတောနေမိသည်။

ညအချိန် ၉ နာရီထိုးတွင် ဟော်မင်ချန် သူ့မိသားစုအိမ်တော်သို့ ပြန်ရောက်လာခဲ့ပြီ။ သူနည်းနည်းသောက်စားလာတာကိုမြင်တော့ အိမ်တော်ထိန်းက အရက်နာပျောက်ဟင်းချိုတစ်ခွက်ကို အပေါ်ထပ်က သူ့အခန်းရှိရာသို့ ယူလာပေးသည်။သူမ ဟော်မင်ချန်အခန်းအတွင်းဝင်လိုက်​တော့ စားပွဲပေါ်မှာတင်ထားသည့်ဖုန်းက မရပ်မနား​တုန်ခါနေသော အသံကိုကြားလိုက်ရကာ အကြိမ်ရေအနည်းငယ် လှမ်းကြည့်လိုက်မိသည်။

“ အိုး မင်ချန် တစ်ယောက်ယောက်က မင်းကို ဖုန်းခေါ်ဖို့ကြိုးစားနေပုံပဲ။ ”

ဟော်မင်ချန်က ဆိုဖာပေါ်လှဲချလိုက်တော့ သူ့လည်စလုတ်က လှုပ်ရှားသွားသည်။ အရက်မူးရင်း သတိလစ်နေသလို ဟော်မင်ချန် လက်ဖမိုးဖြင့် သူ့မျက်လုံးများကို ဖုံးကာလိုက်မိသည်။ အိမ်တော်ထိန်းကတော့ သူမပဲစိတ်ထင်တာ​ဖြစ်ရမည်။ ဟော်မင်ချန်၏ နှုတ်ခမ်းဆတ်ခနဲလှုပ်ရှားသွားတာကို မြင်ရပြီး ကြက်သီးဖြန်းဖြန်းထသွားရသည်။

“ အင်း ဘာမှမဖြစ်ဘူး ကျွန်တော် ခဏနေကိုင်လိုက်မယ်။ ”

ဖုန်းက အချိန်အတော်ကြာသည်အထိ မြည်နေခဲ့တာကိုမှ ဖုန်းလေးကိုင်ဖို့ကို ဘာလို့ခဏစောင့်နေကတာလဲ။ အိမ်တော်ထိန်းက ဟော်မင်ချန်ကို ကလေးဘဝကတည်းက ထိန်းကျောင်းပြုစုခဲ့ရတာကြောင့် သူ့မ၏ တူလေးတစ်ယောက်လိုသဘောမထားဘဲ မနေနိုင်။ လေသံပျော့ပျော့ဖြင့် ဟော်မင်ချန်ကို ​ဖျောင်းဖျလိုက်၏။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now