အပိုင်း(၄)"ရင်းနှီးလာကြခြင်း"

15.1K 1.6K 276
                                    

Unicode
~~~~~~~

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျာ။"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျာ။"

သိပ်မကြာလိုက် အဲ့ဒီခပ်ပေပေမျက်နှာလေးက
လူကြီးတွေဘက်ကိုပြန်လှည့်သွားပြီး
ပါလေးတွေချိုင့်ဝင်သွားတဲ့အထိ
ပြုံးရယ်ရင်းပြောလိုက်တာကို ကြည့်ပြီး 'သိင်္ခ'လဲ
မသိမသာနှာခေါင်းရှုံ့မိသွားတယ်။

"ဒေါ်ဒေါ်တို့လဲဝမ်းသာပါတယ်ကွယ်
နှစ်ယောက်လုံးကလူချောလေးတွေပါလား။ "

'ဒေါ်ရွှေဇင်ညိမ်း'တစ်ယောက်
ကလေးလေးလို ပါးချိုင့်တွေပေါ်
တဲ့အထိပြုံးပြလာတဲ့ ကောင်ငယ်လေးကိုငေးခနဲ
ဖြစ်သွားတယ်။

"အဟဲ....ဒေါ်ဒေါ်လဲအတူတူပါပဲဗျာ။ "

မြို့ကလူတွေက ထင်သလောက်သဘောမဆိုးကြဘူးဗျ။ကျုပ်က မြို့ကြီးသူ၊ မြို့ကြီးသားတွေဆိုတော့
ကိန်းကြီးခန်းကြီးနိုင်မယ် မှတ်တာ။
ကျုပ်တို့နှစ်ယောက်ကို ပြန်မြှောက်နေလို့
ကျုပ်ခင်ဗျာ မျက်နှာကြီးတောင်ပူလာပါရောဗျာ။

"သျှောင်ထုံးလေးကို ကိုင်ကြည့်လို့ရမလား။"

"ဗျာ....! "

'သိင်္ခ' လဲ မိမိကိုအဖတ်မလုပ်တဲ့
ကောင်ငယ်လေးဘေးမှာ
တမင် ၀င်ထိုင်ပြီးမေးလိုက်တယ်။
တစ်စုံတစ်ခုကို အံသြသွားတိုင်း
၀င့်ခနဲ ဖြစ်သွားတဲ့ မျက်လုံးရွဲကြီးတွေက
သူ့ရင်ဘက်ကို ငှက်မွှေး
လေးတွေနဲ့တို့ထိကျီစယ်နေသလိုပဲ။

ကျုပ်ဖြင့်ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။ 'ဗညားသိင်္ခ' ဆိုတဲ့လူက ကျုပ်သျှောင်ကို ကိုင်ချင်လို့တဲ့။မသိရင် ကျုပ်ကပြတိုက်ထဲက ထွက်လာတဲ့သူကျနေတာပဲ။ ဘ၀မှာ သျှောင်ထုံးကို ကျုပ်အမ ကလွဲပြီး ဘယ်သူ့ကိုမှ ပေးကိုင်ဖူးတာမဟုတ်ဘူး။ ဒီလူကိုကျုပ်ကပေးကိုင်စရာလား။

"Dear Kyauk Khal"(Complete)Where stories live. Discover now