အပိုင်း(၁၆)"မျက်စိယားသွားတဲ့ ဇီးကွက်"

8K 986 88
                                    


Unicode
~~~~~~~

"ဟဲ့..ငကျောက်ခဲဘယ်လိုဖြစ်လို့ မတ်တတ်ကြီး
ရပ်နေတာတုံး ဝင်ထိုင်လိုက်လေ။"

"ဟုတ်..ဟုတ်ကဲ့ပါ အမ။"

အခုမှမျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ပြီး
အိမ်မက်ကနေ နိုးလာတဲ့သူလိုလုပ်နေတဲ့ အစ်ကိုဖြစ်သူကိုကြည့်ရင်း 'ဒွေးညို'ရယ်ချင်လာရတယ်။မြို့ကြီးသားရဲ့အလှတရားတွေမှာမျောသွားတာများ
မသိတာမှတ်လို့ နေ့လည်လူစုံရင်ဒီကိစ္စကို
'ကျေးဥမ'တို့ကိုဖောက်သည်ချရမယ်...အဟိဟိ။

"ကိုကိုကြီးကို အမကဝင်ထိုင်ခိုင်းနေတာ။
မြို့ကြီးသားအစ်ကို ကိုကဘယ်အချိန်ကြည့်ကြည့်
ကြည့်လို့ရပါတယ်တော်...အဟိ။"

"ဟဲ့...ညိုမ!။"

အမကသူ့ကိုမျက်လုံးပြူးပြရင်းလှမ်းမာန်လာတာမို့
'ဒွေးညို'လဲပါးစပ်အသာလေးပိတ်ပြီး
နောက်ဖေးကိုထွက်လာခဲ့လိုက်တယ်။
ကိုကိုကြီးက လူတစ်ယောက်ကို
အခုလိုမှင်သက်အောင်ကြည့်ဖို့မပြောနဲ့ 
မိန်းကလေး တစ်ယောက်ကိုတောင်
စေ့စေ့ကြည့်ဖူးတာမဟုတ်ဘူး။

ယောကျာ်းလေးဆိုဝေလာဝေး...အခုတော့ဖြင့်
မျက်တောင်တောင်မခတ်တော့ဘူးလေ။သူ(မ)ဖြင့်
အူတွေအသည်းတွေယားလွန်းလို့ ဗိုက်ထဲက
ကလီစာတွေကိုဆွဲတောင်ထုတ်ပစ်ချင်
လာမိတဲ့အထိပဲ။

'ဒွေးညိုမ'က အခန်းထဲကိုဖျတ်ခနဲ
ဝင်သွားတော့မှကျုပ်လဲအသိဝင်လာပြီး
'ကိုသိင်္ခ'ဘေးမှာ ဝင်ထိုင်လိုက်တယ်။
ဘာကြောင့်မှန်းတော့မသိပါဘူးဗျာ
'ကိုသိင်္ခ' ဆီကရနေကျ အမွှေးနံ့သင်းသင်းလေးရမှပဲမူးနောက်နေတဲ့ခေါင်းလေးလဲကြည်လင်သွားရတယ်။

"ငကျောက်ခဲလေး...ဘာတွေငိုင်နေပြန်တာတုံး
အမူးမပြေသေးဘူးလားကွယ်။"

"ကျုပ်အမူးပြေပါပြီ အဘ။"

ကျုပ်လဲ စိတ်ပူနေပုံရတဲ့အဘကို
ပြောပြလိုက်ပြီးနောက် အာရုံတွေကိုစုစည်းလို့ရအောင်ရေနွေးတစ်ခွက်ကို မှုတ်သောက်လိုက်ရတယ်။

"နောက်တစ်ခါ ထန်းရည်ဆိုင်သွားပြီး
မဟုတ်ကဟုတ်က လုပ်လာလို့ကတော့
နင်အနာပဲကျောက်ခဲ။ဘယ့်နှယ့်တော်
လူကြားလို့ဖြင့်မကောင်းဘူး
ထန်းရည်လေး သုံးခွက်သောက်ပြီး
အခုထိ ရူးကြောင်မူးကြောင်ဖြစ်နေရတယ်လို့။

"Dear Kyauk Khal"(Complete)Where stories live. Discover now