အပိုင်း(၄၇)"ပြန်လက်ခံရန်တောင်းဆိုခြင်း"

5.1K 584 51
                                    


Unicode
~~~~~~~

ဘူတာရုံထဲက ထွက်လာတဲ့တစ်လျှောက်လုံး
စကားတစ်ခွန်းတောင်ထပ်မဟလာတဲ့
လူကြောင့် 'သောမက်စ်'ရဲ့မျက်လုံးတွေ
အလိုအလျောက်ကျိန်းစက်လာရပြီး မျက်ရည်
တွေဝဲလာရတယ်။

"ဘာလို့အဲ့မှာရပ်နေတာလဲ
ကားဆီရောက်ဖို့က လိုသေးတယ်လေ။"

တစ်ဖက်လူဆီက တစ်ခါမှမကြားခဲ့ဖူးတဲ့ သူစိမ်းဆန်တဲ့လေသံကြောင့် မနည်းထိန်းချုပ်ထားရတဲ့
'သောမက်စ်'ရဲ့မျက်ရည်တွေ တာကျိုးရလေတော့တယ်။

"ဒါလင်...ငါ့ကိုစိတ်ဆိုးနေတုန်းလားဟင်
ငါမှားသွားမှန်း သိပါတယ်။ အဲ့တာကြောင့်
တောင်းပန်ဖို့ ဒီအထိရောက်လာတာလေ
အဲ့လောက်ထိ...စိမ်းကားမှဖြစ်မှာလား။"

'သိင်္ခ'လဲ မျက်ရည်ဥတွေနဲ့သနားစရာပုံ
ပေါက်နေတဲ့လူကိုကြည့်ပြီးသက်ပြင်းတစ်ချက်ရှိုက်လိုက်မိတယ်။ လူတွေက ဝိုင်းကြည့်
နေကြတာမို့ အမြင်မသင့်ဘူးလေ။

"ဟူး..ကိုယ်တို့ ကားပေါ်ရောက်မှအေးဆေး
ပြောကြတာပေါ့။"

ဒီလိုနဲ့သူလဲကားဆီကိုရောက်အောင်
ခပ်မြန်မြန်လျှောက်လာခဲ့လိုက်တယ်။
သူ့နောက်ကိုခပ်မြန်မြန်လိုက်လာနေတဲ့
အနေုက်ကလူရဲ့ခြေသံကလဲအတိုင်းသား။

တကယ်ပါ....'သောမက်စ်'အပေါ်မှာ သူ့အနေနဲ့
ချစ်ခြင်း၊ မုန်းခြင်း ဘာခံစားချက်မှရှိမနေတော့ဘူး၊၊
ဒီကိုရောက်ခါစတုန်းကတော့ တွေးမိတယ်
ဒီလူမရှိပဲ သူ့ရှေ့ဆက်နိုင်ပါ့မလားပေါ့။
အခုတော့လဲ ကံတရားရဲ့ဆောင်မမှုကြောင့်
အံသြစရာကောင်းလောက်​​အောင်ကို
အဆင်ပြေနေ​ပြီ။အခုချိန် သူ့ရင်ထဲမှာရှိနေတာက 'ကျောက်ခဲ'ဆိုတဲ့ကောင်ငယ်လေးပဲ အဲ့တာက မှန်သည်ဖြစ်စေ..မှားသည်ဖြစ်စေ သူဂရုမစိုက်ဘူး။

ဒီလိုနဲ့ကားရပ်ထားတဲ့ နေရာကိုရောက်တော့
'သိင်္ခ'လဲ တစ်ဖက်လူအတွက် ကားတံခါးကို
ဖွင့်ပေးလိုက်ပြီးမှ ကားထဲကိုဝင်ထိုင်လိုက်တယ်။
ကားစက်ကိုနှိုးလိုက်တဲ့ အချိန်တစ်ခဏတာသာ
ကားထဲမှာစက်သံနဲ့ဆူညံသွားပြီး ကျန်တဲ့ခရီးလမ်းတစ်လျှောက်ဟာတော့တိတ်ဆိတ်ခြင်းတို့သာ
ကြီးစိုးနေခဲ့လေရဲ့။

"Dear Kyauk Khal"(Complete)Where stories live. Discover now