အပိုင်း(၁၃)"လက်ထပ်ရန်တိုက်တွန်းခြင်း"

9.5K 1K 60
                                    

Unicode
~~~~~~~

"အစ်ကို့ ခြေထောက်သက်သာရဲ့လား။"

ကျုပ်အစ်ကို့ကိုမေးလိုက်တာဗျ။ 'ဇီးကွက်' က
အောင်တိုး တို့နဲ့ပါသွားတာမို့ ကျုပ်လဲသူ့ကိုလိုက်ပို့ပေးတာ။ လမ်းကိုဖြေးဖြေးလေးလျှောက်နေလို့ စိတ်ထဲထင်နေတာနဲ့ခြေ​ထောက်ကို လှမ်းကြည့်လိုက်
မိတော့ညိုနေတဲ့ ခြေသလုံးကိုတွေ့လိုက်ရတော့တာပဲ။ အစ်ကိုကအသားဖြူတော့ဒဏ်ရာကထင်းနေတာပေါ့ဗျာ။

"လာ...အစ်ကိုဒီနားမှာထိုင်လိုက်။"

ကျုပ်အစ်ကို့ကိုတွဲလိုက်ပြီး အရီးအေးတို့
ဝိုင်းနားက အပင်အောက်မှာခဏထိုင်ခိုင်း
လိုက်တယ်။ ပြီးတာနဲ့ ပုဆိုးခါးပုံစထဲထည့်လာတဲ့​ ဆေးပုလင်းလေးကို ထုတ်ပြီးလိမ်းပေးဖို့လုပ်လိုက်တယ်။

"အစ်ကိုကတော့လေ...ခြေထောက်နာနေတာကို
လိုက်လာရတယ်လို့။"

ကျုပ်လဲအစ်ကို့ကိုဆူသလိုပြောလိုက်ပြီး
ခြေသလုံးက ပုဆိုးစကိုလှန်တင်လိုက်ရတယ်။
အစ်ကိုကတစ်ခါတလေဆို ခေါင်းမာတဲ့ကလေးလေး
တစ်ယောက်လိုပဲဗျ။

"ကျောက်....ကျောက်ခဲလေး
ဒီလိုမလုပ်ပါနဲ့။"

သူ ပုဆိုးစကိုဆွဲလှန်လာတဲ့ ကောင်ငယ်လေးရဲ့
လက်ကို သူအလျင်အမြန်ပဲဆုပ်ကိုင်လိုက်ပြီး
တားဆီးလိုက်တယ်။ဒီကောင်လေးက
ဘာကြောင့်မို့ သူ့ခြေသလုံးကိုဆေးလိမ်းပေးရမှာလဲ။
ဒီကောင်လေးက သူ့ရင်ခွင်ထဲမှာနေပြီး
သူ့ရဲ့မေတ္တာတရားတွေကို ခံယူရမှာ။သူ့ရဲ့ခြေထောက် ကိုဆေးလိမ်းပေးဖို့မဟုတ်ဘူး။ဒီကောင်လေးကို
သူဘယ်လိုမျက်နှာနဲ့ အဲ့လိုလုပ်ခိုင်းရမှာလဲ။

"ရပါတယ်အစ်ကိုရာ...ကျုပ်ကိုအားမနာပါနဲ့
အစ်ကိုဆေးမလိမ်းရင် ဒဏ်ရာကပိုနာလာလိမ့်မယ်။"

အပြုံးလေးနဲ့ပြောလာတဲ့ကောင်လေးက
စကားနားထောင်မဲ့ပုံမရတာကြောင့်
'သိင်္ခ'လဲကောင်လေးရဲ့လက်ထဲက ဆေးပုလင်း
လေးကိုလှမ်းယူလိုက်တယ်။

"ကိုယ့်ဘာသာကိုယ်လိမ်းလိုက်ပါ့မယ်
ကျောက်ခဲလေးက ကိုယ့်ကိုမီးပြပေးလေနော်။"

"ဟုတ်ပါပြီဗျာ...အစ်ကိုက ကျုပ်ကိုအားနာနေတာပဲ။အားနာစရာမလိုပါဘူးဗျာ ကျုပ်တို့ကသူစိမ်းတွေမှမဟုတ်တာပဲ။"

"Dear Kyauk Khal"(Complete)Tempat cerita menjadi hidup. Temukan sekarang