အပိုင်း(၃၄)"ရန်ကုန်လိုက်ရန်ခွင့်ပြုပြီ"

5.9K 658 29
                                    

Unicode
~~~~~~~

ညနေ 'ရေခပ်ချိန် ' လောက်ရောက်တော့ အကျွေးအမွေးကိစ္စလဲပြီးသွားတယ်ဗျ။
ပိုတဲ့ဟင်းတွေကို ရွာထဲတစ်အိမ်ဆင်း
တစ်အိမ်တက်လိုက်ဝေပြီးတဲ့နောက်မှာတော့ ကျုပ်တို့လဲအိုးတွေ၊ ခွက်တွေကိုဆေးကြောသုတ်သင်ရ​တော့တယ်။မဏ္ဍပ်တွေဘာတွေလဲဖျက်၊ အမှိုက်တွေဘာတွေသိမ်းနဲ့'နွားရိုင်းသွင်းချိန်'လောက်ရောက်
မှကိစ္စအားလုံးပြီးသွားတော့တာဗျာ။
အစ်ကိုနဲ့ကျုပ်လဲရွာဦးကျောင်းမှာရေတစ်ခါတည်းချိုးပြီးမှရွာထဲကိုဝင်လာခဲ့လိုက်ကြတာပေါ့။

"အစ်ကို ညကျရင် ကျုပ်တို့ဘက်လာခဲ့အုံးမှာလား။
ဒီနေ့က လပြည့်နေ့ဆိုတော့ ဆီမီးလဲထွန်းပြီး
စကားထာဝှက်တိုင်းလဲ ကစားကြမှာဗျ။"

ညနေမှောင်ရီပျိုးစမို့ ရွာထဲမှာလူသူကင်းရှင်းလို့နေတယ်။'သိင်္ခ'လဲသူ့ကိုစောင်းငဲ့ကြည့်ကာမေးလာတဲ့
ကောင်ငယ်လေးရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်။

"ကျောက်ခဲလေး လာစေချင်ရင်ကိုယ်က
လာခဲ့မှာပေါ့။"

"ကျုပ်အစ်ကို့ကို လာစေချင်တယ်။"

'ကျောက်ခဲ'ကလဲ 'သိင်္ခ'ရဲ့လက်တွေကိုပြန်လည်ဆုပ်ကိုင်ရင်း ရယ်ကျဲကျဲနဲ့ပြောလိုက်တယ်။
တဒုတ်ဒုတ်နဲ့အခုန်မြန်နေတဲ့ နှလုံးအိမ်ကြောင့်
ကောင်ငယ်လေးရဲ့ညိုမြမြမျက်နှာလေးဟာ
အနီရောင်မျဥ်းလေးတွေပေါ်လိုက်ပျောက်လိုက်ဖြစ်နေလေရဲ့။

"ဘေးလူတွေမပါပဲ ကိုယ်တို့နှစ်ယောက်တည်း တွေ့လို့ရမဲ့ အစီအစဉ်ရောပါလား။ကိုယ်မင်းနဲ့ သမီးရည်းစားတွေလို ချိန်းတွေ့ချင်တယ်'ကျောက်ခဲ'။"

'သိင်္ခ'က 'ကျောက်ခဲ'ရဲ့လက်ခုံလေးကိုအနမ်းတစ်ပွင့်
ခြွေလိုက်ရင်း အသံခပ်သြသြနဲ့ပြောလိုက်တာမို့
အရိုင်းတုံးလေး 'ကျောက်ခဲ'ခမျာ ရှက်သွေးဖြာသွားရတယ်။

"ကျုပ်စီစဉ်ပေးပါ့မယ်။"

"ဒါဆို ကိုယ်အဲ့တော့မှပဲ
မင်းကိုဆုချတော့မယ်။"

ထို့နောက်သူတို့နှစ်ယောက်လဲ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ဆွဲကာ ရွာစည်းရိုးတွေရဲ့မှောင်ရိပ်ကိုခိုရင်းအိမ်ကိုပြန်လာခဲ့ကြတယ်။

"Dear Kyauk Khal"(Complete)Wo Geschichten leben. Entdecke jetzt