အပိုင်း(၂၇)"ဖွင့်ဟဝန်ခံခြင်း"

6.7K 737 38
                                    

Unicode
~~~~~~~

ညအချိန်မို့မှောင်ရိပ်လွှမ်းနေပြီဖြစ်ပေမဲ့
မြို့ပေါ်ရပ်ကွက်ငယ်လေးရဲ့လမ်းတစ်လျှောက်မှာတော့ မုန့်ဆိုင်၊ ခေါက်ဆွဲဆိုင်နဲ့အဝတ်ချုပ်ဆိုင်တွေ၊ တိုလီထွာလီရောင်းတဲ့အသည်တွေနဲ့ ဈေးတန်းလေးတစ်ခုသဖွယ်ဖြစ်လို့နေပြီး၊ လူအချို့ဟာရေနံဆီမီးအိမ်လေးတွေကိုင်လို့ ကိုယ်စီလုပ်ငန်းများကိုဆောင်ရွက်လို့နေကြတယ်။

['ကိုလူချော'ဧည့်ရိပ်သာ]

"ဟောဒီက ဧည့်သည်တွေနဲ့ ဒီနေရာကအလိုက်ဖက်ဆုံးပဲဆိုတာကုလားအာမခံတယ်။"

လန်ချားကုလားလေးက ဆန်းသစ်တဲ့အမည်ရှိတဲ့ ဧည့်ရိပ်သာရှေ့မှာ လန်ချားကိုရပ်ပေးရင်း
ဟိန္ဒူစကားသံဝဲဝဲလေးနဲ့ပြောလာတယ်ဗျ။အဲ့ဒီ​နောက်တော့ကျုပ်နဲ့အစ်ကိုလဲ အိတ်ကိုယ်စီလွယ်လို့ လန်ချားပေါ်ကနေဆင်းလာခဲ့လိုက်တယ် ။

လန်ချားဆွဲတဲ့ကုလားလေးက
ငယ်ငယ်လေးရယ် 'ဇီးကွက်'နဲ့မှရွယ်တူ
လောက်ရှိမယ်။ ဒီလိုဆိုတော့လဲ
မြို့ပေါ်မှာအသက်မွေးဝမ်းကျောင်းပြုဖို့က
တယ်ခက်သားနော်ဗျ။

'သိင်္ခ' ကအလိုက်သိတဲ့ လန်ချားကုလားလေးကို
ကြည့်ကာတစ်ချက်ပြုံးလိုက်ပြီး 'ရူပီး'တစ်ရွက်ကို
ကောင်လေးရဲ့အိတ်ကပ်ထဲထည့်ပေးလိုက်တယ်။

"ပြန်အမ်းဖို့မလိုဘူး။"

လန်ချားဆွဲတဲ့ကုလားလေးကတော့
နားစည်ထဲဝင်ရောက်လာတဲ့ ခပ်သြသြခပ်ရှရှအသံကြောင့်တစ်ကိုယ်လုံးကြက်သီးတွေဘာတွေထပြီး
နားရွက်တွေပါရဲတွတ်သွားရတော့တယ်။

ပြီးနောက် သူတို့နှစ်ယောက်ဟာ ဧည့်ရိပ်သာလေး
ထဲကိုဝင်လာခဲ့ကြတယ်။ ဧည့်ရိပ်သာက
သာမာန်အိမ်ကြီးပုံစံသာဖြစ်ပြီး အထဲမှာအခန်း
များစွာနဲ့ဖွဲ့စည်းထားခြင်းဖြစ်တယ်။

"မောင်ရင်တို့က အခန်းယူမလို့မို့လား။
ဒါဆိုရင်တော့ နှစ်ယောက်အိပ်တစ်ခန်းပဲကျန်မယ်။
ကြိုက်ရင်ယူ၊ မကြိုက်ရင်ပြန်။ဒီနားမှာ ဧည့်ရိပ်သာ
ဒီတစ်ခုပဲရှိတယ်။"

ကောင်တာမှာထိုင်ပြီးစာရင်းတွက်လို့နေတဲ့
နှုတ်ခမ်းမွှေးကားကားနဲ့ဦးကြီးက
သူတို့ကို မျက်လုံးတစ်ချက်လှန်ကြည့်ရင်း
လိုတိုရှင်းကိုပြောလာတာမို့ ၊ ဘဝမှာတစ်ခါမှ
တင်တင်စီးစီးဆက်ဆံခြင်းမခံရဖူးတဲ့
'သိင်္ခ'ရဲ့မျက်ခုံးတွေဟာ တွန့်ချိုးသွားရတယ်။

"Dear Kyauk Khal"(Complete)Wo Geschichten leben. Entdecke jetzt