အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"

6.6K 644 43
                                    


Unicode
~~~~~~~

ကျုပ် လက်နှစ်ဘက်ကိုဘေးတစ်ချက်တစ်ဖက်စီ ဆန့်တန်းလိုက်ပြီးသန့်စင်တဲ့ မနက်ခင်းရဲ့လေထုကိုတဝကြီးရှူရှိုက်လိုက်တယ်။နေတောင်ကောင်းကောင်းမပွင့်သေးတာကြောင့် ရာသီဥတုကအေးအေးချမ်းချမ်းဖြစ်နေပြီး၊ နှင်းဆီနံ့ရောတဲ့စံပါယ်ပန်းနံ့သင်းသင်းလေးကလဲ ကျုပ်ကိုလန်းဆန်းစေတယ်လေ။

ဒီနားတဝိုက်မှာ ဘုန်းကြီးကျောင်းရှိတယ်ထင်ရဲ့
အုန်းမောင်းခေါက်သံကြားလိုက်တာနဲ့ ကျုပ်မျက်လုံး
တွေကအလိုအလျောက်ပွင့်လာတာမို့
အိပ်ရာကနေထလာလိုက်တာ။အိမ်ကြီးကလူတွေနဲ့အစ်ကိုကတော့ အိပ်ပျော်နေတုန်းပဲထင်တယ်ဗျ။

ခပ်ပျင်းပျင်းရှိလာတာနဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို ကျုပ်မျက်စိကစားမိလိုက်တော့ အပွင့်တွေအဆုပ်လိုက်ပွင့်နေတဲ့တရုတ်စကားပင် မှာထောင်လျက်လေးထား,ထားတဲ့အုန်းတံမြက်စည်းကို တွေ့လိုက်ရတယ်။

ကျုပ်လဲ တရုတ်စကားပင်ကြီးဆီလျှောက်သွား
လိုက်ပြီး မြေကြီးမှာကြွေကျနေတဲ့ပန်းပွင့်တွေကို
လိုက်ကောက်လို့ ပုဆိုးခါးပုံစထဲ ထည့်ထားလိုက်တယ်။တရုတ်စကားပန်းကို ရေနဲ့ပြုတ်ပြီး ဆီချက်တို့၊ မြေပဲတို့နဲ့သုတ်စားရင်လွှတ်ကောင်းတာဗျ ။ ကျုပ်လဲပန်းပွင့်တွေကိုကောက်ပြီးတော့မှ တံမြတ်စည်းကိုယူပြီး မြေပြင်မှာကြွေကျနေတဲ့သစ်ရွက်ခြောက်တွေ၊အမှိုက်တွေကို လှည်းကျင်းနေလိုက်တယ်။

အမှိုက်တွေကိုလှည်းပြီးတဲ့နောက်မှာတော့ တစ်ဖက်အိမ်မကြီးဆီဖောက်ထားတဲ့ အုတ်နီလမ်းလေးကိုလဲတံမြတ်စည်းလှည်းပြီး၊ သန့်ရှင်းရေးထပ်လုပ်လိုက်တယ်။ကျုပ်တာဝန်တွေထဲမှာဥယျာဉ်ကိုပြုစုရမဲ့ တာဝန်လဲပါတယ်လေ၊အဲ့တာကြောင့် ကျုပ်ခါးကြားမှာထိုးလာခဲ့တဲ့ ကတ်ကြေးအသေးလေးကို ထုတ်ပြီး နှင်းဆီပင်တွေဆီကနာနေတဲ့အရွက်တွေနဲ့၊ ပိုးစားနေတဲ့အရွက်အချို့ကိုဂရုတစိုက်ညှက်ထုတ်နေလိုက်တယ်။

ပန်းခင်းရှေ့မှာငုတ်တုတ်လေးထိုင်ပြီး
တလှုပ်လှုပ်နဲ့ အလုပ်လုပ်လို့နေတဲ့
ကောင်ငယ်လေးကို 'သိင်္ခ'အပေါ်ထပ်ပြတင်းပေါက်ကနေ သေချာရပ်ကြည့်နေမိတယ်။
ရင်ခွင်ထဲက နွေးထွေးတဲ့အသားစိုင်လေးမရှိ
တော့တာမို့ သူနိုးလာခဲ့ခြင်းသာ၊ အတူတူ
တစ်ခန်းတည်းအိပ်တာ ဘယ်နှစ်ရက်မှရှိမနေသေးပေမဲ့ဒီကောင်လေးမရှိရင် အိပ်မပျော်တော့တဲ့အထိ အကျင့်ပျက်နေပြီ။

"Dear Kyauk Khal"(Complete)Wo Geschichten leben. Entdecke jetzt