အပိုင်း(၁၈)"အတင်းစေ့စပ်ခံရသောလူငယ်လေး"

8.6K 901 70
                                    

Unicode
~~~~~~~

ကျုပ်အိမ်ပြန်ရောက်တော့ အဘတို့အမတို့က
ပြင်ဆင်နေကြပြီမို့ ကျုပ်​လဲရေကိုတန်းချိုးလိုက်ရတယ်။ကျုပ်ဖြင့်လေ လူကြီးတွေရဲ့ အတွေးတွေကိုနားမလည်နိုင်တော့တာအမှန်ပဲ။လူငယ်တွေကိုဆို
ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ချပေးရမယ်လို့
ဘယ်သူကမိန့်ခဲ့မှန်းမသိပါဘူး အသက်ပြည့်ပြီဆိုတာနဲ့ အိမ်ထောင်ချပေးဖို့ကိုပဲ သူတို့မှာတာဆူ​​နေကြရော့တာ။ကျုပ်ကပဲ အိမ်ထောင်မပြုချင်သေးလို့လားမသိ ဒီဓလေ့ကိုတော့ မကြိုက်တာအမှန်ပဲ။

လူငယ်ဘဝအစပြုတုန်းလေး လွတ်လွတ်လပ်လပ်
ပျော်ပျော်ပါပါးနေချင်တာကို ဟိုလူနဲ့မိတ်ဆက်ပေးလိုက်ဒီလူနဲ့စေ့စပ်ပေးချင်လိုက်နဲ့ လက်ထပ်တော့လဲအသက်အစိတ် လောက်မှလက်ထပ်ကြရတာ။
အဲ့ဒါကိုပဲတစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးလောက်ကတည်းက သားမွေးထားရင် သူတို့နဲ့ နီးစပ်တဲ့သမီးရှင်နဲ့မြန်း၊ သမီးမွေးထားရင်လဲ ရင်းနှီးရာသားရှင်နဲ့မြန်း "မိဘကကောင်းစေချင်လို့ဆိုတဲ့"စကားကြီး လက်ကိုင်ပြီးသူတို့ဖြစ်ချင်တာကိုလုပ်ကြတာဗျ ။

တစ်ချို့ ကျတော့လဲငယ်ရွယ်စဉ်ကတည်းကချစ်ကြိုးသွယ်ကြလေတော့ အသက်ပြည့်တော့မိဘကိုဖွင့်ပြောပြီး အဆင်ပြေသွားကြတာပေါ့ဗျာ။
ကျုပ်တို့လိုရည်းစားမရှိတဲ့သူတွေကျ ဒီလိုအချိန်ကျအခက်တွေ့တာပေါ့။ ဘယ်သူကမှ ကိုယ်မချစ်၊ မနှစ်သက်တဲ့သူနဲ့တစ်သက်လုံးမနေချင်ကြဘူးမို့လား။

ကျုပ်လဲ'မြနွယ်' နဲ့မချစ်ဘဲစေ့စပ်ပါပြီတဲ့ ဒီကြားထဲမှာ ကျုပ်သဘောကျတဲ့ မိန်းကလေးကိုများတွေ့ခဲ့ရင် 'မြနွယ်'ကိုဘယ်လိုလုပ်မလဲ၊ကျုပ်သဘောကျတဲ့သူကိုရော ကျုပ်ကစွန့်လွှတ်ချင်ပါ့မလား၊'မြနွယ်'ရဲ့သဘောထားကလဲရှိသေးတယ်မို့လား။ အဘနဲ့အမတို့ကတော့ခက်ပါတယ်ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်ကျုပ်ကတော့ အဘနဲ့အမကို မရရအောင်နားချရမှာပဲ။
မဟုတ်လို့ကတော့ ကျုပ်တော့ငယ်ငယ်ရွယ်ရွယ်နဲ့
အိမ်ထောင်ပြုပြီး သေအောင်လုပ်ကျွေးရတော့မှာ။

ကျုပ်ရေချိုးပြီးတာနဲ့ အိမ်ပေါ်တက်ပြီးအဝတ်အစားလဲလိုက်တယ်။တိုက်ပုံတွေဘာတွေကတော်ရုံဝတ်ချင်တာမဟုတ်ဘူး စိတ်အိုက်လို့။ မဝတ်ပြန်တော့လဲ
အမက ပွစိပွစိနဲ့ လုပ်နေအုံးမှာမို့ လက်ဆောင်ရထားတဲ့မီးခိုးရင့်ရောင်ချည်တိုက်ပုံလေး
ကိုပဲထုတ်ဝတ်လိုက်တော့တယ်။

"Dear Kyauk Khal"(Complete)حيث تعيش القصص. اكتشف الآن