အပိုင်း(၂၃)"အက်ဆစ်လူသားအဖြစ်ပြောင်းလဲသွားသော 'သိင်္ခ'"

7K 782 145
                                    

Unicode
~~~~~~~

အလှူရက်ကနီးလာတာနဲ့အမျှ ရွာသားတွေအကုန်
အကုန်စုပြီးထင်းခွေထွက်ကြဖို့ ကာလသားခေါင်း
ကဆော်သြထားတယ်။ဒါကြောင့် ကျုပ်လဲတောင်ပိုင်းက ကာလသားခေါင်း'ကိုလင်းမောင်'တို့အိမ်ကိုလျှောက်လာခဲ့တာဗျ။ အရင်ကဆို 'ဇီးကွက်'
ကိုဝင်ခေါ်နေကျဆိုပေမဲ့ အခုတော့ သူလဲကျုပ်ကိုတွေ့ချင်လောက်မှာမဟုတ်တာမို့ တစ်ယောက်
တည်းပဲထွက်လာခဲ့လိုက်တယ်။

ကျုပ်တို့ရွာအလှူတွေဆိုတာ တစ်လအလို
လောက်ကတည်းကကြိုပြီးပြင်ဆင်ကြရတာ။
ဒီတစ်ခေါက်အလှူက အလှူကြီးလဲဖြစ်တော့
ပိုပြီးလုပ်စရာများတာပေါ့ဗျာ။
အလှူကြီးနေ့ကနောက်လ သီတင်းကျွတ်လပြည့်
နေ့။ 'အစ်ကို' တို့ကရွာထဲကရှင်မပြုရသေးတဲ့ကလေးတွေကိုပါ တစ်ခါတည်းရှင်ပြုပေးမှာဆိုတော့အလှူကပိုပြီးကြီးသွား​လေရဲ့။

မောင်ရှင်လောင်း က ခုနှစ်ပါးလောက်ရှိတယ်ဗျ။
ထူးထူးဆန်းဆန်း ခုနှစ်ယောက်လုံးကလဲ နေ့နံအစုံဖြစ်နေပြီး ၊'ဇီးကွက် 'ကပါမောင်ရင်လောင်းဝတ်မဲ့အထဲပါတော့ကျုပ်ဖြင့်အံသြနေတာ။ အမှန်ဆို 'ဇီးကွက်'က ကျုပ်နဲ့အတူကိုရင်ဝတ်ခဲ့တာမို့လား။ကျုပ်သူကြီးကိုမေး​ကြည့်တော့ ဒီကောင်လေးကပြောမရဆိုမရနဲ့ ရိုင်းချင်နေလို့ လို့ပြောတယ်။ကြည့်ရတာအဲ့ဒီကောင်လေး သူကြီးမျက်စိနောက်အောင်သွားလုပ်မိပြီနဲ့တူပါတယ်ဗျာ။

ကိုယ့်အတွေးနဲ့ကိုယ်ရှေ့ကနေလျှောက်သွားနေတဲ့
'ကျောက်ခဲ' ကတော့ ခပ်လှမ်းလှမ်းကနေ
ထက်ကြပ်မကွာလိုက်လာတဲ့ သူ့ကို
သတိထားမိပုံမပေါ်​လေဘူး။

မနက်ပိုင်းကမသွားလိုက်ရလို့
နေ့လည်နားတဲ့အချိန် ကောင်ငယ်လေးဆီကို
သွားဖို့အတွက် သူအိမ်ပေါ်ကနေဆင်းလာခဲ့တာ။
တိုက်တိုက်ဆိုင်ဆိုင်ညိုရောင်ပုံရိပ်လေးက ခြံရှေ့ကနေခပ်သုတ်သုတ်ဖြတ်သွားတာကိုတွေ့လိုက်ရတာကြောင့် သူအခုလိုအနောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့ခြင်း။

ခြံရှေ့ရောက်တာတောင် သူ့ကိုဝင်မတွေ့နိုင်တဲ့အထိ ဘာတွေအရေးကြီးနေသလဲသူသိချင်တယ်လေ။
ဒီလိုလျှောက်လာခဲ့ရင်းနဲ့ပဲ ကောင်ငယ်လေးရဲ့
ပုံစံကထူးခြားတာမို့'သိင်္ခ'သေချာကြည့်လိုက်မိတယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now