အပိုင်း(၆၄)'ရွာပြန်လာကြခြင်း'

6.8K 602 90
                                    


Unicode
~~~~~~~

ကိစ္စတွေအားလုံးပြီးသွားခဲ့တဲ့နောက်မှာတော့ကျုပ်နဲ့အစ်ကိုလဲပျော်ရွှင်စရာနေ့ရက်လေးတွေကိုပိုင်ဆိုင်ခဲ့ကြပါတယ်။ အစ်ကိုကနေပြန်ကောင်းတဲ့နေ့ကနေ
စပြီး အလုပ်တွေကိုကြိုးစားပန်းစားလုပ်ကိုင်ခဲ့သလို၊ ကျုပ်ကိုလဲစာပြန်သင်စေခဲ့တယ်။ ဒီကြားထဲမှာ ဒေါ်ဒေါ်ကလဲ ကျုပ်ကိုအရင်လိုပြန်ဆက်ဆံခဲ့ပြီး
သူ့ရဲ့အမှားတွေအတွက်လဲတောင်းပန်ခဲ့ပါတယ်။

တစ်ခုပဲ ကျုပ်ကတိမတည်နိုင်ခဲ့ဘူး၊ အမကို
တစ်နှစ်နေရင်ရွာပြန်လာခဲ့မယ်လို့ပြောခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် မပြန်ဖြစ်ခဲ့ဘူးလေ။ အစ်ကိုကနောက်နှစ်နွေပေါက်မှ ရွာကိုပြန်ပြီးမင်္ဂလာကိစ္စအတွက်စီစဉ်ကြမယ်လို့ပြောလာတော့
ကျုပ်မှယမငြင်းနိုင်ခဲ့ဘူး ။အဘနဲ့အမကိုသံကြိုးနဲ့လှမ်းအသိပေးထားပြီးပြီ ဆိုပေမဲ့လဲ ရွာကိုရောက်ရင်အဘနဲ့အမကဘယ်လိုတုန့်ပြန်မလဲဆိုတာကို
စိုးရိမ်နေမိတယ်။

"ကျောက်ခဲ..။"

"ကျောက်ခဲလေး..!။"

"ဗျာ...ဗျ
ဘာဖြစ်လို့လဲ အစ်ကို။"

အစ်ကိုက ကျုပ်လက်ကိုအုပ်ကိုင်ပြီးခေါ်လာတော့
ကျုပ်လဲအစ်ကို့ကိုအမြန်ပြန်ထူးလိုက်ရတယ်။

"ဘာတွေငေးနေတာတုန်းကွာ
ဒီရက်ပိုင်းတမှိုင်မှိုင်တထွေထွေနဲ့ရွာထိပ်ကို
ရောက်နေပြီဆိုတာတောင်မသိဘူးမလား။"

အစ်ကိုပြောမှပဲ ကျုပ်လဲပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်မိတော့တယ်။ နွေအပူရှိန်ကြောင့်ခြောက်သွေ့နေတဲ့
ရိုး​ပြတ်ကွင်းတွေ၊ နဘူးချုံပင်တွေနဲ့၊ လေးလေးထွေရူးရဲ့ထန်းတောကြီးကကျုပ်ကိုကြိုဆိုလာတယ်ဗျ။
အမြဲလုပ်နေကျအကျင့်တစ်ခုအတိုင်းထုံးဖြူစေတီလေးကိုလဲလှမ်းပြီးဦးခိုက်လိုက်သေးတယ်။
ကိစ္စတွေအားလုံး အေးအေးဆေးဆေးနဲ့ပြီးသွားရအောင်ပေါ့။

"စိတ်ပူနေတာလား။"

အစ်ကိုကတိုးတိုးလေးထပ်မေးလာတော့ကျုပ်ခေါင်းညိတ်ပြလိုက်မိတယ်။

"မစိုးရိမ်ပါနဲ့ကွာ
ကိုယ်တစ်ယောက်လုံးရှိပါတယ်။ အမေရော၊
လေးလေးတို့ရောပါတာမို့ အားလုံးအဆင်ပြေသွား
မှာပါ။"

"Dear Kyauk Khal"(Complete)Where stories live. Discover now