အပိုင်(၅၃)'အိမ်ပြန်နောက်ကျတဲ့ သိင်္ခ'

5K 549 32
                                    


Unicode
~~~~~~~

'ရိုင်ရယ်လိတ်ခ်'အနားမှာရှိတဲ့
အဆင့်မြင့်ပျော်ပွဲစားကလပ်
တစ်ခုတွင်ဖြစ်တယ်။

မိုးချုပ်ခါစအချိန်ဖြစ်တာမို့ ပျော်ပွဲစားကလပ်၏
အောက်ထပ်ရှိ ယမကာဘားမှာ
လုပ်ငန်းဆိုင်ရာ အရာရှိတွေ၊ စီးပွားရေးသမား
တွေနဲ့လူကုံထံအသိုင်းအဝိုင်းကလူတွေဟာ စိတ်ကြိုက်သောက်စားပျော်ပါးလျက်ရှိတယ်။

ဓာတ်စက်ကနေ ပျံ့လွင့်လို့နေတဲ့ အနောက်တိုင်းဂန္တဝင်သံစဉ်ဟာလဲ ပေါ့ပေါ့ပါးပါးရှိလှပြီး မှောင်ရိပ်ကျတဲ့ဝိုင်းမှာထိုင်လို့နေတဲ့ လူနှစ်ယောက်မှာတော့အတွေးကိုယ်စီနဲ့ ငြိမ်သက်လို့နေကြတယ်။

"လက်ထပ်ခွင့်တောင်းတာကို ငြင်းလိုက်တယ်
ဆိုတော့ ဒါလင်က ဘယ်လိုပြောလိုက်လို့လဲ။"

ခြေကိုချိတ်ထိုင်ကာ​ဘရန်ဒီခွက်ကို မွှေ့ယမ်းနေ
ရင်းစူးရဲတဲ့မျက်ဝန်းတွေနဲ့ ရှေ့တူရှုကိုသာ ကြည့်လို့နေတဲ့'သိင်္ခ'က 'သောမက်စ်'ရဲ့စကားကိုကြားဟန်
မပေါ်။

"ဒါလင်..!။"

တစ်ဖက်လူရဲ့အာရုံစိုက်မှုက
မျှော်လင်ထားသလိုသူ့ဆီရောက်မလာတာမို့
'သောမက်စ်'လဲသက်ပြင်းချပြီး
သူ့ရဲ့ချွန်မြတဲ့လက်သည်းလေးတွေကိုအသုံးပြုလို့စားပွဲခုံကို အသံမြည်အောင်ခေါက်လိုက်တယ်။

"ဒါလင်..!။"

နားထဲကိုဝင်ရောက်လာတဲ့ 'ဒေါက်'ခနဲ
ဟူသောအသံနဲ့'ဒါလင်'ဟူသော ခေါ်သံ
လေးကြောင့် 'သိင်္ခ'မှာ အတွေးလွန်နေရာမှ
သတိပြန်ဝင်လာပြီးသူ့ရဲ့နှုတ်ခမ်းဖူးဖူးလေးတွေ
ကလဲအပေါ်ကိုကော့တက်သွားရတယ်။

''ကျောက်ခဲလေး..။''

"ကျစ်....ကျောက်ခဲ မဟုတ်ဘူးလေ။"

"အာ....ဟုတ်သားပဲ။"

တစ်ဖက်လူရဲ့စကားကြောင့်'သိင်္ခ'လဲအရှက်ပြေ
ချောင်းဟန့်လိုက်ကာ လက်ထဲက 'ဘရန်ဒီ'ခွက်ကို
အကုန်မော့ပစ်လိုက်ရတယ်။ တစ်ခဏလေး
မတွေ့ရတာတောင် အမြင်တွေကကယောင်
ချောက်ခြားရယ်၊ ဒီကောင်လေးနဲ့သာ အတည်ခွဲရလို့ကတော့ သူ တွေးတောင်မတွေးရဲဘူး။ အမှန်တိုင်းဆိုရရင်သူစိတ်ဆိုးနေတယ်ဆိုတာထက် စိတ်မကောင်းဖြစ်နေခြင်းသာ။ တစ်ဖက်လူအတွက်လဲ ခက်ခဲမယ်ဆိုတာ သိပေမဲ့ ဘာကြောင့်မှန်းမသိ 'ကျောက်ခဲလေး'
ကသူ့အပေါ် အလုံးစုံပုံအပ်ထားတာမျိုးမရှိသေးသလို ခံစားနေရတယ်။ သူ့ကို'ကျောက်ခဲလေး'
ယုံကြည်လာအောင်သူဘယ်လိုလုပ်ရမလဲ။
သူဘာလုပ်သင့်လဲ။

"Dear Kyauk Khal"(Complete)Where stories live. Discover now