အပိုင်း(၃၃)"အလှူဝင်ရက်-၄"

5.7K 672 57
                                    

Unicode
~~~~~~~

"အားလုံး....ကြားကြားသမျှ....အမျှ....အမျှ....အမျှ
ယူတော်မူကြပါကုန်လော့....သာဓု....သာဓု....သာဓု။"

"အားလုံး....ကြားကြားသမျှ....အမျှ....အမျှ....အမျှ
ယူတော်မူကြပါကုန်လော့....သာဓု....သာဓု....သာဓု။"

"အားလုံး....ကြားကြားသမျှ....အမျှ....အမျှ....အမျှ
ယူတော်မူကြပါကုန်လော့....သာဓု....သာဓု....သာဓု။"

ဤသို့ဖြင့် ရေစက်ချအမျှပေးဝေပြီးတဲ့နောက်မှာတော့သံဃာတော်များအားဆွမ်းကပ်ကြလေတယ်။
'ကျောက်ခဲ'တစ်ယောက်လဲ မကြာခင်အကျွေးအမွေးစတော့မှာဖြစ်တာကြောင့် ကျောင်းပေါ်မှဆင်းလာခဲ့ပြီး ထမင်းစားရုံတွေရှိရာ ကျောင်းအနောက်ဘက်ဝန်းထဲကိုလျှောက်လာခဲ့လိုက်တော့တယ်။

အနောက်ဘက်ဝန်းထဲရောက်တဲ့အခါမှာတော့
အားလုံးက ထမင်းကျွေးရန်ပြင်ဆင်လို့နေပြီဖြစ်ကာ
ပန်းကန်တွေပင်ချထားနှင့်ပြီဖြစ်တယ်။

"ဦးကြီးမြင့် ကျုပ်သယ်သွားလိုက်ပါ့မယ်။"

ကျုပ်လဲ ပန်းကန်တောင်းကြီးကို ဦးကြီးမြင့်ဆီက
မလိုက်ပြီး စားပွဲတစ်ဝိုင်းမှာ လူငါးယောက်စာအတွက်သံ ပန်းကန်ပြား ငါးပြားဆီလိုက်ချပေးထားလိုက်တယ်။ဝန်းထဲမှာထမင်းစားရုံက နှစ်ရုံဆောက်ထားတာဗျ။ထမင်းစားရုံရဲ့ အရှေ့မှာကတော့
နောက်လူတွေစောင့်ဖို့ဖျာတွေနဲ့ စားပွဲဝိုင်းတွေပေါ့ဗျာ။

ကျုပ်တို့ရွာအလှူတွေက ထမင်းစားရုံထဲကို
လူတစ်သုတ်ပြီးမှတစ်သုတ်ခေါ်တာဗျ ၊ နောက်မှလာ
တဲ့လူတွေက ဖျာခင်းပေါ်မှာ ပေါက်ပေါက်လေးစား
ရင်းရေနွေးကြမ်းလေးသောက်ရင်း ကိုယ့်အလှည့်ကို
စောင့်ကြတာပေါ့ဗျာ ။

"ကျောက်ခဲ နဲ့ လင်းမောင်နဲ့က ညာဘက်က
ထမင်းစားရုံ ကိုတာဝန်ယူလိုက်ပေါ့ကွာ။"

"ငါနဲ့ မောင်သိန်းက ဘယ်ဘက်ကထမင်းစားရုံကိုတာဝန်ယူလိုက်မယ်။"

လူပျိုကြီး 'ကိုချစ်ငွေ'က ကျုပ်တို့ကိုတာဝန်ခွဲသွား
ပေးတာမို့ ကျုပ်နဲ့'ကိုလင်းမောင်' လဲ
ထမင်းစားရုံထဲမှာ ပြင်ဆင်စရာရှိတာပြင်၊
အရှေ့ကစားပွဲတွေမှာလဲ ပေါက်ပေါက်၊ ဆေးလိပ်
နဲ့ အကြမ်းရည်အိုးတွေပါ လိုက်ချနေလိုက်တယ်။
သိပ်မကြာခင်မှာပဲ ကျုပ်တို့ကိုကူမဲ့ ကာလသား
ငါးယောက်လောက်က ရောက်လို့လာတော့တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now