အပိုင်း(၈)"မောင်ကျောက်ခဲလေး စကားထစ်သွားခြင်း"

11.2K 1.2K 92
                                    

Unicode
~~~~~~~

သူဘယ်လောက်မှမစောင့်လိုက်ရ 'ကျောက်ခဲလေး'
က ဆိုင်းထမ်းကြီး ထမ်းလို့ရေကန်နားကို လျှောက်လာတာကိုတွေ့လိုက်ရတာမို့ 'သိင်္ခ'ခမျာ
ငုတ်တုတ်ထိုင်နေရာကနေ မတ်တတ်ထရပ်လိုက်ရတယ်။ ဒါကိုကောင်ငယ်လေးကလဲ သူ့ကိုတွေ့သွားပုံရပြီးသူရှိရာကိုခပ်သွက်သွက်လေး လျှောက်လို့လာနေတာကြောင့် သူအရူးတစ်ယောက်လို
ထပ်ပြုံးမိပြန်တယ်။အဲ့လောက်အထိကို
ဒီကောင်လေးနဲ့ပတ်သက်တဲ့အရာအားလုံးက
သူ့အတွက်နှစ်လိုဖွယ်ကောင်းနေတာမျိုး။

"အစ်ကို ကဒီကိုဘယ်လိုရောက်နေတာတုံး
ဘဘုန်းဆီသွားကြမလို့မဟုတ်ဘူးလား။"

ကျုပ်လဲ ဆိုင်းထမ်းကိုချရင်း
အပင်အောက်မှာရပ်နေတဲ့ 'ကိုသိင်္ခ' ကို
မေးလိုက်တယ်။ စောစောကပဲ ဘုန်းကြီးကျောင်းသွားဖို့ လာကြတာကို ကျုပ်သေချာတွေ့လိုက်တာဗျ
ဘာကြောင့်များပါလိမ့် ။

"အော်...ကိုယ်မလိုက်ချင်တော့လို့ပါ။ ဒါနဲ့
ကျောက်ခဲလေးထင်းခွေသွားပြီးပြီလား။"

"ကျုပ်သွားပြီးပါပြီကော...ခုနကပဲ ပြန်ရောက်တာ
အဲ့ဒါကြောင့်ရေလာဆွဲနေတာပေါ့ဗျာ။"

"ဒါဆို...ကျောက်ခဲလေးက အစောကြီးထပြီး
တောထဲသွားရတာပေါ့လေ!။"

သူ့ရင်ထဲထိတ်ခနဲဖြစ်သွားရလို့ အသံတောင်နည်းနည်းကျယ်သွားရတယ် ၊ တောကြီးမည်းကြီးထဲကို
ဒီကောင်လေးက မနက်စောစောစီးစီး ထင်းသွားခွေတယ်တဲ့လေ အန္တရာယ်တွေဘာတွေဖြစ်ကုန်ရင်
ဘယ်လိုလုပ်မလဲ။

"ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ။"

မျက်လုံးအဝိုင်းသားနဲ့မေးလာတဲ့
အူတူတူကောင်လေးကိုကြည့်ပြီး သူအသည်းယားလာတာကြောင့် ကောင်ငယ်လေးရဲ့ နဖူးလေးကို
လက်သီးစုတ်လေးနဲ့ ခပ်ဖွဖွထုပြီးပြောလိုက်တယ်။

"မင်းလေးကတော့လေ...တောထဲကို
အစောကြီးသွားတာ အန္တရာယ်များတယ်
မဟုတ်လား။"

"ဒုတ်....ဒုတ်...ဒုတ်"

နဖူးပြင်ကိုကျရောက်လာတဲ့ ခပ်ဖွဖွလက်သီးဒဏ်
လေးကြောင့် သူ့ရင်ထဲကတစ်စုံတစ်ခုဟာ
ပြင်းပြစွာ ခုန်ပေါက်လာတာကို 'ကျောက်ခဲ'
တစ်ယောက် ထူးဆန်းစွာနဲ့ ခံစားမိလိုက်တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now