အပိုင်း(၅၇)'မောင်ကျောက်ခဲလေးရဲ့မျှော်လင့်ချက်'

5.2K 557 101
                                    

Unicode
~~~~~~~

သန်မာတဲ့လူနှစ်ယောက်ရဲ့အားနဲ့
ပစ်ချခံလိုက်ရတာကြောင့် 'ကျောက်ခဲ'ရဲ့
ခန္ဓာကိုယ်ဟာမြေကြီးပေါ်ကို
လွင့်စင်သွားရပြီး လက်ထဲမှာကိုင်ထားတဲ့
ထန်းခေါက်ဖာတောင်းလေးဟာလဲ ပွင့်ကျသွားရတယ်။သူတို့နှစ်ယောက်မှာ ရှိသမျှအားအင်တွေနဲ့
ရုန်းကန်၊ တိုက်ခိုက်​ပြီးထွက်ပေါက်ရှာခဲ့ပေမဲ့လဲ
အားသန်လှတဲ့လူသုံးယောက်နဲ့၊
လူကိုအတင်းဖမ်းချုပ်ပစ်တဲ့
အမျိုးသမီးနှစ်ယောက်အားယှဉ်နိုင်ခြင်းမရှိခဲ့။

'ဒေါ်ရွှေဇင်ညိမ်း'က သူတို့အပေါ်ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တာကြောင့်ပြန်လည်ခုခံခဲ့တဲ့
'သိင်္ခ' ပင်ဒဏ်ရာရရှိခဲ့ပြီး မေ့မျောအောင်အရိုက်ခံခဲ့ရတယ်။'ကျောက်ခဲ'ကလဲပဲယောက်ျားနှစ်ယောက်ရဲ့ခပ်ပြင်းပြင်းလက်သီးချက်အချို့ကိုခံယူခဲ့ရလေတယ်။

"မင်းတို့တွေထွက်သွားလို့ပြီ။"

'ဒေါ်ရွှေဇင်ညိမ်း'ကသူ့ရဲ့အလုပ်သမားနှစ်ယောက်ကို
ခပ်ဝေးဝေးကိုပြန်လွှတ်လိုက်တယ်။အဲ့ဒီနောက်
တွင်တော့မြေပြင်ပေါ်မှာလဲကျနေသူကို
စိတ်ပျက်စွာနဲ့ကြည့်လိုက်ပြီး 'ငြိမ်းငြိမ်း' လက်ထဲက
ဖျင်လွယ်အိတ်ကိုဆွဲယူလို့ ရူပီးတစ်လိပ်ကို
အိတ်ထဲပစ်ထည့်ကာ 'ကျောက်ခဲ' ရှေ့ကိုပစ်ချပေးလိုက်တယ်။

"မင်းဘာသာမင်း ရွာပဲပြန်ပြန်၊ ဘာပဲလုပ်လုပ်
ငါ့ခြံရှေ့အရိပ်တောင်မနင်းမိစေနဲ့။
ရွာကလူတွေကို ထောက်ထားနေလို့ ဒီလောက်နဲ့ရပ်လိုက်မယ် ဒီပတ်ဝန်းကျင်မှာ မင်းမျက်နှာကိုထပ်တွေ့ရလို့ကတော့ မင်းဘဝ အကောင်းတိုင်းရှိလိမ့်မယ်
မထင်လေနဲ့!။"

'ကျောက်ခဲ'မှာတော့နာကျင်နေတဲ့လက်တစ်ဖက်ကိုတောင်ဂရုမထားနိုင်ချက်ချင်းဆိုသလိုမြေကြီးပေါ်ကနေကုန်းထလိုက်ပြီး 'ဒေါ်ရွှေဇင်ညိမ်း'ရဲ့ခြေထောက်တွေကိုဆုပ်ကိုင်ထားလိုက်လေတယ်။

"ကျုပ်...ကျုပ်တောင်းပန်ပါတယ် ဒေါ်ဒေါ်
ကျုပ်ကို အစ်ကို့အနားမှာပဲနေခွင့်ပြုပါ။
အစ်ကိုနဲ့မပတ်သက်နဲ့ဆိုလဲ မပတ်သက်တော့ပါဘူး
ဒီအတိုင်း အဝေးကနေပဲနေပါရစေ။ဒေါ်ဒေါ်
မယုံဘူးဆိုရင်လဲ ကျုပ်ကိုအစေခံတန်းလျားမှာ
ထားလို့ရပါတယ်။လစာလည်းမယူဘဲ အလုပ်တွေမှန်သမျှလုပ်ပေးပါ့မယ်၊ ဒီအတိုင်း အစ်ကို့အနားမှာပဲနေခွင့်ပြုပါဗျာ..ကျုပ်တောင်းပန်ပါတယ်
ကျုပ်တကယ်မှားမှန်းသိပါပြီ..တစ်ခေါက်လောက်ပဲအခွင့်အရေးထပ်ပေးပါ။"

"Dear Kyauk Khal"(Complete)Where stories live. Discover now