အပိုင်း(၃၂)''အလှူဝင်ရက်-၃''

5.6K 688 50
                                    


Unicode
~~~~~~~

"ကျောက်ခဲလေး..ကိုယ့်ကိုနမ်းပါ။"

'သိင်္ခ'က ရင်ခွင်ထဲကကောင်ငယ်လေးရဲ့ မေးစေ့ကို
ဆွဲမရင်း ပြောလိုက်တော့ တစ်ဖက်လူက ငွေ့ရည်ဖွဲ့
နေတဲ့မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့သူ့ကိုပြန်ကြည့်လို့လာတယ်။တရားဝင်ချစ်သူရည်းစားဖြစ်ပြီဆိုမှတော့
အနမ်းလေးတစ်ပွင့်တော့တောင်းလို့ရတယ်မလား။

"ကျောက်ခဲ..ကိုယ့်နှုတ်ခမ်းကိုနမ်းပါ။"

ပန်းဆီရောင်သန်းပြီးခပ်ဖူးဖူးလေးဖြစ်နေတဲ့
နှုတ်ခမ်းတစ်စုံကမျက်နှာအနားကိုတိုးကပ်လာတာမို့ကျုပ်မျက်နှာတွေပူထူလာရတယ်။ ပြောင်ပြောင်တင်းတင်းလေးဖြစ်နေတဲ့ အစ်ကို့ရဲ့နှုတ်ခမ်းတွေက သိပ်လှတာပဲ။ကျုပ်အဲ့ဒီနှုတ်ခမ်းလေးတွေကိုလက်နဲ့ သေချာထိတွေ့ချင်ပေမဲ့၊
အဲ့လိုလုပ်လိုက်ဖို့ကိုလဲ မဝံမရဲဖြစ်နေမိတယ်။

"ကိုယ် နှုတ်ခမ်းဆူထားရတာညောင်းနေပြီနော်။"

ကောင်ငယ်လေးက သူ့နှုတ်ခမ်းကိုသာ
သေချာစိုက်ကြည့်လို့နေပြီးရှေ့ဆက်တိုးမလာ
တာကြောင့်'သိင်္ခ'ကသတိပေးလိုက်တယ်။

"ကျုပ်...ကျုပ်နမ်းပါ့မယ်။"

ကျုပ်လဲအစ်ကို့ကို ပြန်ပြောလိုက်တယ်။
နမ်းပါဆိုတော့လဲ နမ်းလိုက်တာပေါ့ဗျာ..အစ်ကိုကခွင့်ပြုနေတာပဲ လက်နဲ့ကိုင်တာထက်စာရင် နှုတ်ခမ်းလေးနဲ့ထိတာက ပိုသင့်တော်မယ်ထင်တယ်။

အဲ့ဒီနောက်မှာတော့ 'ကျောက်ခဲ'ကမျက်လုံးလေးကိုအသာမှိတ်ကာသူ့ရဲ့နီညိုရောင်နှုတ်ခမ်းပါးတွေနဲ့၊ တစ်ဖက်လူရဲ့နှုတ်ခမ်းဖူးဖူးတွေကိုဖိကပ်လိုက်တယ်။

"ဟာ..အဲ့ဒါကနမ်းတာလား။"

နူးညံတဲ့အထိအတွေ့တစ်ခုက သူ့နှုတ်ခမ်းပေါ်ကျ
ရောက်လာပေမဲ့ လုံလောက်အောင် အရသာမခံ
လိုက်နိုင်ခင် ပြန်လည်ဆုတ်ခွာသွားတာကြောင့်
'သိင်္ခ' တစ်ယောက် မကျေမချမ်းရေရွတ်လိုက်မိတယ်။

"ဘာလို့လဲ။
အစ်ကိုပဲနှုတ်ခမ်းကိုနမ်းပါဆို။"

"အဲ့တာက နမ်းတာမဟုတ်ဘူးလေ
နှုတ်ခမ်းချင်းထိတာ။"

"Dear Kyauk Khal"(Complete)Where stories live. Discover now