အချပ်ပို(၄) [ရွှေညာမြေမှဆွေမျိုးများ]

3.2K 210 46
                                    

Unicode
~~~~~~~

'တော်သလင်းနေပုစွန်သေ၊တော်သလင်းမိုးကန်သင်း
ကျိုး'တဲ့။တော်သလင်းလမှာနေပူရင်ဖြင့် ရေထဲကပုစွန်တွေအောင်သေအောင်ပူပြီး၊မိုးရွာရင်လဲ လယ်ကန်သင်းရိုးတွေကျိုးပေါက်ကုန်တဲ့အထိ ပြင်းထန်​စွာရွာတတ်ကြောင်း သတိ​ပေးထားတဲ့စကားပုံတစ်ခုပေါ့ဗျာ။

သိပ်မှန်တာပေါ့...ရန်ကုန်မှာနေလာတဲ့
အိမ်ထောင်သက်ငါးနှစ်တစ်လျှောက်
ဒီလောက်ပူတဲ့နွေကိုအခုမှပဲကြုံဖူးတော့တယ်။
အခုလည်းကြည့် ခြောက်ချက်တီးကျော်ပဲရှိသေး
အိုက်စပ်စပ်နဲ့ရေချိုးစကိုယ်ကချွေးပျံနေပြီ။ကျုပ်ဖြင့်တိုက်ပုံတောင်မဝတ်အားသေးပဲ ထန်းရွက်ယပ်လေးနဲ့ကိုယ်ကိုတဖြတ်ဖြတ်ခပ်နေလိုက်ရတယ်။

ကျုပ်ကသာပူနေတာပါဗျာ..မပြောင်းမလဲကိုသိင်္ခကြီး
ကတော့ဖြင့် ပြင်လို့ဆင်လို့ကောင်းတုန်း။မပူမအိုက်တဲ့အတိုင်း ရေမွှေးဆွတ်လိုက်၊ကော်စမက်တစ်လိမ်းထားတဲ့ဆံပင်ကိုသလိုက်နဲ့ တစ်ယောက်တည်းအလု​ပ်ရှုပ်နေတော့တာ။ ဟိုကိုသွားဖို့ကဖြင့်နီးနေပြီ..အခုထိမပြီးနိုင်၊မစီးနိုင်လူပျိုရှုံးအောင်ပြင်ဆင်နေလေရဲ့။

"အစ်ကို...။"

"ဗျာ..။"

ကျုပ်လှမ်းခေါ်တော့ ကျုပ်ဘက်ကိုမျက်စပစ်ပြီး
ထူးလာလေရဲ့။ သူကသာအခုထိ လူကိုကလူလိုက်၊ကျီစယ်လိုက်ရယ်နဲ့အရင်လိုရှိနေသေးတာ..ကျုပ်ကတော့ အရင်နဲ့မတူအများကြီးပြောင်းလဲသွားရတယ်။ အဲ့တာကလည်းအဲ့ဒီမြေခွေးအိုကြီးကြောင့်ပဲပေါ့။

"သွားဖို့အချိန်ကနီးနေပြီရယ်..အခုထိပြင်လို့ဖြင့်
မဝနိုင်သေးဘူးလား။"

ကျုပ်စိတ်သိပ်မရှည်တော့တာကြောင့်မေးလိုက်မိတယ်။

"ရော်..သည်းညှာရယ်။ အပြင်ပန်းသွင်ပြင်ကိုပဲအလေးပေးတဲ့ ဒီလူမှု့အသိုင်းအဝိုင်းမှာလူတစ်ယောက်ရဲ့အပြင်အဆင်ကသိပ်အရေးပါတာကွယ့်။ ကိုယ်ပြင်နေတာ မင်းလေးဂုဏ်တက်ဖို့ အဲ့တာကိုရောသိသလား ဟင်။ ယောက္ခမတွေလာမဲ့ဟာ သေသေချာချာလေးဝတ်မှအဆင်ပြေမှာပေါ့။"

ဘေးမှာဝင်ထိုင်ပြီး ပုခုံးကိုဆွဲဖက်၊အသားယူလာတဲ့လူကြီးကိုကျုပ်ဆွေကြည့်ပေးလိုက်တယ်။ဘာကျုပ်ဂုဏ်တက်ဖို့လဲသူလှချင်ရင်လှချင်တယ်ပေါ့။

"Dear Kyauk Khal"(Complete)Where stories live. Discover now