အချပ်ပို(၁)[ ပိတောက်လက်ဆောင်]

6.3K 553 58
                                    

Unicode
~~~~~~~
"သင်္ကြန်လွမ်းချင်းအခန်းတိုလေးများ(၁)
~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာသက္ကရာဇ်-၁၂၉၆ ခုနှစ်မဟာသင်္ကြန်
~~~~~~~~~~~~~~~~~~~~~~~~~~~

ခပ်စိမ့်စိမ့်ဖြစ်နေတဲ့ပတ်ဝန်းကျင်နဲ့အတူ၊
အစိုဓာတ်ပါတဲ့လေအေးတို့က သင်းဖျဖျ
ပိတောက်နံ့ကိုသယ်ဆောင်လို့လာတယ်။
'သိင်္ခ'တစ်ယောက်လဲအိပ်နေရာကနေ
ဖြေးညှင်းစွာထထိုင်လိုက်ပြီး
မိမိဘေးမှာ အပူပင်ကင်းစွာနဲ့ အိပ်ပျော်နေတဲ့
ကောင်ငယ်လေးရဲ့မျက်နှာကို
အနမ်းဖွဖွခြွေလိုက်တယ်။

မနေ့ညကမိုးပြေးလေး
ဖြတ်သွားတာမို့ အခုလောက်ဆို
ပိတောက်တွေပွင့်နေလောက်ရောပေါ့၊ ဒီနှစ်ရဲ့
ပထမဆုံးသောပိတောက်တွေကို 'ကျောက်ခဲလေး'
ရဲ့ခေါင်းမှာသူကိုယ်တိုင်ပန်ဆင်ပေးချင်တယ်လေ။

အတိတ်မှာကျန်နေခဲ့တဲ့ 'ဗညားသိင်္ခ'အတွက်ကတော့
သင်္ကြန်ဆိုတာ တစ်နှစ်တစ်ခါပြန်ပြီးပျော်ပါးလေ့ရှိတဲ့
ပွဲတော်တစ်ခုအပြင်မပိုခဲ့ဘူး။လက်ရှိအခြေအနေမှာတော့ ယခုနှစ်သင်္ကြန်ဟာ  'ကျောက်ခဲ'နဲ့သူ
အတူတူဖြတ်သန်းမဲ့ပထမဆုံးသောသင်္ကြန်
ဖြစ်တာကြောင့် ထူးခြားကာရင်ဖိုဖွယ်ကောင်းလို့နေတယ်။

ရန်ကုန်သင်္ကြန်ကို တစ်ခါမှသေချာမဆင်နွှဲခဲ့ရတဲ့
ကောင်ငယ်လေးကို ဒီနှစ်မှာတော့နေရာအနှံ့လိုက်ပြဖို့အစီအစဉ်တွေဆွဲထားခဲ့​ပေမဲ့လဲ
တစ်ဖက်လူကတော့ရွာကိုသာပြန်လိုကြောင်း
ပြောလာတာမို့သူလဲမငြင်းဆန်နိုင်ခဲ့။
အလုပ်တွေကိုသာလူယုံနဲ့လွှဲခဲ့ရပြီး
ချစ်သည်းညှာအားခေါ်ဆောင်လို့
ရွာငယ်လေးကိုပဲပြန်လာခဲ့ရတယ်။

ပုံမှန်ဆို စောစောနိုးတတ်တဲ့သူက ခရီးပန်းလို့ထင်
အခုထိအိပ်ပျော်နေဆဲဖြစ်တာကြောင့်
ကောင်ငယ်လေးကိုစောင်သေချာခြုံခဲ့
ပေးလိုက်ပြီး အိပ်ခန်းထဲကနေထွက်လာ
ခဲ့လိုက်တော့တယ်။

"ဟဲ့...အရှေ့ကဘယ်သူတုံး...ငကျောက်ခဲလား။"

အိမ်နောက်ဖေးမှာ ဆွမ်းချက်နေတဲ့ 'ဒေါ်သိမ်းကြည်'
ကအိမ်အရှေ့ဘက်ကကြားလိုက်ရတဲ့
ရေကျသံကြောင့် လှမ်းမေးလိုက်ခြင်းဖြစ်တယ်။

"Dear Kyauk Khal"(Complete)Unde poveștirile trăiesc. Descoperă acum