အပိုင်း(၅၅)'အတို့အထောင်လုပ်တဲ့ငြိမ်းငြိမ်း'

5.2K 562 76
                                    


Unicode
~~~~~~~

"မနေ့ညက ငါတို့ဘာဖြစ်ခဲ့ကြတာလဲ။
သြော်.. မေ့လို့ ဘာဖြစ်ခဲ့ကြတာလဲဆိုတာထက် မင်းကျုပ်ကိုဘာလုပ်ခဲ့တာလဲ ဆိုတာကပိုပြီးဆီလျော်မယ်ထင်ရဲ့။"

'သိင်္ခ'ရဲ့ အေးတိအေးစက်အသံက အနောက်ဘက်ဥယျာဉ်ထဲမှာ ခပ်ကျိတ်ကျိတ်ပျံ့လွင့်လို့လာတယ်။
ရေသေလိုတည်ငြိမ်ကာ လင်းယုန်လို့ စူးရဲနေတဲ့
အကြည့်တွေကတော့ ခုံဝိုင်းလေးမှာ ထိုင်နေတဲ့
'သောမက်စ်'ဆီမှပဲ စုပြုံလို့နေတယ်။

"တို့ ဘာလုပ်ခဲ့တယ်လို့ ဒါလင်ယူဆလဲ။
တကယ်ပဲမမှတ်မိဘူးပေါ့ ညကအရမ်း
သောင်းကျန်းခဲ့တာကိုလေ။"

ရွှေအိုရောင်ဆံပင်တွေကို လက်ညှိုးလေးနဲ့လိမ်
ရင်းပြောလာတဲ့ 'သောမက်စ်'ကတော့ ဘာကိုမှ
ဂရုမစိုက်တဲ့ပုံ။

"ဘယ်အချိန်အထိ လိမ်ညာနေဦးမှာလဲ သောမက်စ်
ကျုပ်ကို မင်းလှည့်ချင်တိုင်းလှည့်လို့ရမယ်
လူလို့များထင်နေသလား။"

မီးဝင်းဝင်းတောက်နေတဲ့ အကြည့်တွေနဲ့ ဒေါသမုန်တိုင်းဝင်နေတဲ့ 'သိင်္ခ'ရဲ့အသံက ဟိန်းခနဲပဲမို့
ပန်းခြုံတွေအနောက်မှာ ပုန်းပြီးခိုးနားထောင်နေရတဲ့
'ငြိမ်းငြိမ်း'ရဲ့ ကိုယ်လေးတောင်တုန်တက်သွားရတယ်။

အစ်ကိုလေးတို့ နှစ်ယောက်ဘာတွေပြောနေလဲဆိုတာ
ကို သူ(မ)အခုထိသေချာနားမလည်၊ ဘာကြောင့်မှန်းမသိသူ(မ)စိတ်ထဲမှာတော့ မသိုးမသန့်ခံစားနေရတာအမှန်ပဲ။

"အိုး ဒေါသတွေသိပ်ကြီးနေပါ့လား
ဘာလဲ..ဒီကိစ္စနဲ့ပတ်သက်လို့
ကျောက်ခဲကဒါလင့်ကိုပစ်သွားမှာစိုးလို့လား။
တို့က ကျီစယ်ချင်ရုံပါ စိတ်မပူပါနဲ့ ...အဲ့ကလေးက
ဒီကိစ္စတွေကိုသိလောက်တဲ့ အတွေ့အကြုံရော၊
စဉ်းစားနိုင်တဲ့ဥာဏ်ပါ မရှိဘူးလေ
ဟုတ်တယ်မလား။"

ကံကြမ္မာကိုမမြင်နိုင်ဘဲစကားကိုအတားအဆီးမဲ့စွာ
ဆိုလာသူကြောင့် 'သိင်္ခ'ရဲ့​ဒေါသတို့မှာ
လက်နက်အဖြစ်ပြောင်းလဲသွားရတယ်။

"ဖြောင်းး!"

အားပြင်းလှတဲ့လက်ဝါးရိုက်ချက်ရဲ့ဦးတည်ရာက
ခုံပေါ်မှာထိုင်နေတဲ့'သောမက်စ်'ရဲ့ ပါးပြင်နုနုပေါ်ကိုဖြစ်တယ်။မထင်မှတ်ဘဲ အရိုက်ခံလိုက်ရတဲ့အဖြစ်က
မာနကိုထိပါးစေတာမို့ 'ရေအိုင်တစ်ခုလို
ပြာလဲ့နေတဲ့မျက်ဝန်းတွေမှာမျက်ရည်စက်တို့ခိုသီလာပြီး၊ ပန်းသွေးရောင်နှုတ်ခမ်းတို့မှာလဲတစက်စက်တုန်ယင်လို့သွားရတယ်။

"Dear Kyauk Khal"(Complete)حيث تعيش القصص. اكتشف الآن