အပိုင်း(၄၈)"သံကြိုးစာရေးခြင်း"

4.8K 595 101
                                    

Unicode
~~~~~~~

"ကဲ...မောင်ရင် ထည့်စားနော်
ဟိုမှာနေတုန်း မြန်မာထမင်းဟင်းတွေ
မေမေက ချက်ကျွေးလေ့ရှိလား။"

'ဒေါ်ရွှေဇင်ညိမ်း'က 'သိင်္ခ'ရဲ့ဘေးမှာထိုင်လို့နေတဲ့
'သောမက်စ်'ရဲ့ထမင်းပန်ကန်ထဲကို ဆိတ်သားဟင်း
ခပ်ထည့်ပေးကာမေးလိုက်တော့'သောမက်စ်'
ကရှက်ပြုံးလေးပြုံးရင်းပြန်ဖြေလာတယ်။

"ဟင့်အင်း...မစားဖြစ်ပါဘူးဒေါ်ဒေါ်
ကျွန်တော်က အပြင်မှာနေတာမို့လို့ပါ။"

"အော် ....ဟုတ်ပါပြီကွယ်
ဒါဖြင့် ဒေါ်ဒေါ်က မင်းကိုငြီးငွေ့သွားတဲ့အထိ
ဗမာအစားအစာတွေလုပ်ကျွေးပါ့မယ်။"

'ဒေါ်ရွှေဇင်ညိမ်း'က သူ့ရဲ့မူပိုင်အပြုံးချိုချို တွေနဲ့
ကြင်နာ​စွာပြောလိုက်တာကြောင့်
ဘေးနားမှာထိုင်နေတဲ့'ကျောက်ခဲ'တောင်
လိုက်ပြီးပြုံးမိတယ်။

"ငကျောက်ခဲ လေးလဲထည့်စားနော်
'သိင်္ခ' 'သောမက်စ်'လေးကို
ဟင်းတွေထပ်ထည့်ပေးလိုက်အုံး။"

ဒီလိုနဲ့ နေ့လည်စာစားပြီးတဲ့နောက်မှာတော့
'သိင်္ခ'နဲ့'ကျောက်ခဲ'တို့လဲအိမ်မကြီးထဲကနေ
ထွက်လာခဲ့ကြတယ်။

"ဒါလင်...။"

နောက်ကျောဘက် ကနေကြားလိုက်ရတဲ့
အသံတိုးတိုးကြောင့် 'ကျောက်ခဲ'ရဲ့ခြေလှမ်းတွေ
ရပ်တန့်သွားရသလို၊ 'သိင်္ခ'ရဲ့မျက်နှာပေါ်မှာလဲ
အလိုမကျမှုတွေဖြတ်ပြေးသွားရတယ်။

"ငါပါ လိုက်ခဲ့လို့ရမလား
ငါ ဒါလင် နဲ့စကားပြောချင်တယ်။"

'သိင်္ခ'မှာတော့ တစ်ဖက်လူရဲ့စကားတွေထက်
'ကျောက်ခဲ'ရဲ့မျက်နှာကိုသာ
စိုးရိမ်စွာနဲ့စိုက်ကြည့်နေမိတယ်။
ပြဿနာကတော့ စလာပြီမဟုတ်လား။

"ဒါလင်...။"

"သွားရအောင်...ကျောက်ခဲ။"

'သိင်္ခ'ဟာ 'ကျောက်ခဲ'ရဲ့လက်ကိုဆွဲကိုင်ပြီး
ထွက်သွားဖို့လုပ်လိုက်ပေမဲ့ သူ့ရဲ့လက်တွေဟာ
ဖြည်းညှင်းစွာဖြုတ်ချခြင်းခံလိုက်ရတယ်။

" ကိုသောမက်စ် က အစ်ကိုနဲ့စကားပြော
ချင်နေတာမဟုတ်လား....။
ကျုပ်အရင် သွားနှင့်မယ်နော်
လုပ်စရာတွေရှိသေးလို့။"

"Dear Kyauk Khal"(Complete)Where stories live. Discover now