အပိုင်း ၆ ( Phoenix Man )

9.4K 1.4K 11
                                    

ညီမယန် ညဘက်အပြင်ထွက်တယ့်အချိန်မှာ ယန်ကျင်းဇီကတော့ စီရင်စုမှာရှိတယ့် ဟိုတယ်အသေးလေးတစ်ခုစီ အဖွားကျန်းကိုခေါ်သွားပြီး တစ်ညတည်းခိုခဲ့ကြသည်။  နောက်တစ်နေ့မှာတော့ မြို့ကြီးကိုသွားဖို့ အဖွားကျန်းနှင့်အတူ မြန်နှုန်းမြင့်ရထားစီးလာခဲ့သည်။

သူ အဖွားကျန်းကို အရမ်းဂရုစိုက်သည်။ အဖွားအိုကလည်း သူ့အပေါ် သတိထားနေတာမျိုး မရှိပေ။ သူ ဘာပြောပြော သူ(မ)က နားထောင်သဖြင့် သူ့အတွက် ကိစ္စများကို ပိုလွယ်စေလာသည်။

တစ်ရက်တာခရီးစဉ် ပြီးဆုံးသွားသည့်နောက်မှာတော့ သူတို့သည် A တက္ကသိုလ်တည်ရှိရာ မြို့ကြီးစီသို့ သောကြာနေ့ညတွင် ရောက်လာခဲ့ကြသည်။

သူတို့ လမ်းတစ်လျှောက်လုံး ခြောက်နာရီကြာအောင် မြန်နှုန်းမြင့်ရထားစီးလာရပြီး အတော်လေးပင်ပန်းစေပေမယ့် ပတ်ဝန်းကျင်ရှိ အရာအားလုံးက အဖွားကျန်းအတွက်တော့ အသစ်အဆန်းပင်။ သူ(မ) အရင်က တစ်ခါမှမမြင်ဖူးခဲ့ရာ သူ(မ)က အရမ်းစိတ်လှုပ်ရှားပြီး အားအင်အပြည့်ဖြစ်နေခဲ့သည်။

ယန်ကျင်းဇီက အဖွားကျန်းကို သူ ငှားထားသော အိမ်စီ ပို့ခဲ့ပြီး အနီးအနားမှာရှိသည့် စတိုးဆိုင်တစ်ဆိုင်ကနေ ပူပူစပ်စပ် ဟင်းနှစ်မျိူးကို ဝယ်လာခဲ့သည်။

ရွာက လူတွေဟာ အစပ်စားရတာကို ကြိုက်တယ်။ သူ အဖွားအိုအားသွားကြိုတုန်းက အဖွားအို၏ စားလို့မပြီးသေးသည့် အစပ်အရသာအာလူးပြုတ်များကို မြင်ခဲ့သည်။ ဒါကြောင့်ပဲ အဖွားအိုက အစပ်စားရတာကို ကြိုက်လိမ့်မယ် လို့ သူ ထင်ခဲ့သည်။

စားစစရာ စပ်စပ်ကြီးတွေက ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် တစ်ခါတလေ စားတာကတော့ ဘာမှမဖြစ်နိုင်ချေ။

ထင်ထားသည့်အတိုင်း အဖွားအိုက အစပ်စားရတာကို အရမ်းကြိုက်ပြီး ဒီလိုမျိုးအရသာရှိတာမျိုးကို တစ်ခါမှမစားဖူးဘူး လို့ အဖွားက ဆက်တိုက်ပြောနေခဲ့သည်။

စားသောက်ပြီးစီးသည်အထိ သူ အဖွားအိုကို အဖော်လုပ်ပေးခဲ့သည်။ သူ လောလောလတ်လတ်ဝယ်ထားသည့် တစ်ပတ်ရစ်စက်ဘီးလေးကို စီးကာ ကျန်းဖင်းရှိူ့ရှိရာ ကားရေးဆေးဆိုင်စီ သွားသည့်အခါတွင်တော့ အချိန်မှာ ညကိုးနာရီပင် ရှိနေပြီဖြစ်၏။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now