အပိုင်း ၂၉ ( Genius Slacker 12 )

2.4K 198 3
                                    

သင်္ချာဆရာများသည် အဖြေလွှာများကို အမှတ်ခြစ်နေကြပြီဖြစ်ကာ သူတို့ အမှတ်ခြစ်နေကြရင်း ဆရာတစ်ယောက်က အံ့ဩနေသည် : " ဒီတစ်ခါ အဖြေလွှာတွေအကုန် ရောကုန်တာလား? ဘယ်လိုလုပ်ပြီး ချန်အန်းရှို့ရဲ့အဖြေလွှာက ပုံမှန်အတန်းစာရွက်တွေကြားထဲ ရောက်နေတာလဲ? "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါက စာမေးပွဲကြီးမဟုတ်တော့ ခုံတွေပြန်စီထားတာမျိုး မရှိဘူးလေ။ " နောက်သင်္ချာဆရာတစ်ဦးက ဆိုသည်။

သူတို့ကျောင်း၏ နှစ်ဝက်‌စာမေးပွဲများနှင့် ဖိုင်နယ်စာမေးပွဲများသည် ကျောင်းသားများအား မတူညီသောအတန်းများတွင် စာမေးပွဲဖြေဆိုရန် စီစဉ်သည်။ သို့သော် ဤကဲ့သို့သော ပုံမှန်လပတ်စာမေးပွဲများတွင် ထိုသို့မလုပ်ချေ။

" ဒါပေမယ့် ဒါက ချန်အန်းရှို့ရဲ့အဖြေလွှာအစစ်ပဲ... ချန်အန်းရှို့က အရမ်းအံ့ဩဖို့ကောင်းတယ်။ သူက သုံးနေကျ ပြဿနာဖြေရှင်းနည်းကို မသုံးဘဲ ဒီလိုမျိုး နောက်တစ်ခုနဲ့ ဖြေသွားတယ်! " သင်္ချာဆရာက ပြောခဲ့သည်။

ထိုစကားကိုကြားပြီးနောက် ဆရာများက သွားကြည့်ကြသည်။

သင်္ချာအဖြေလွှာပေါ်မှ လက်ရေးသည် အမှန်ပင် ချန်အန်းရှို့ထံမှ ဖြစ်သော်လည်း သူတို့ အနည်းငယ် ထူးဆန်းနေသည် — multiple-choice မေးခွန်းမှာ သူက အဖြေနှစ်ခုတောင် မှားဖြေထားတယ်!

နောက်ပိုင်း မေးခွန်းအပုဒ်ကြီးများအားလုံးကို မှန်သော်လည်း မေးခွန်းအပုဒ်ကြီးနှစ်ခုသည် သူတို့ သင်ပေးထားသည်ထက် ကွဲပြားစွာ ဖြေရှင်းခံထားရသည်။

" ချန်အန်းရှို့ အရင်က ပြိုင်ပွဲတစ်ခုဝင်ပြိုင်လိုက်သေးတယ်မလား? သူ ခက်တဲ့ပုစ္ဆာတွေကိုပဲ အာရုံစိုက်လိုက်လို့ အခြေခံတွေကို မေ့သွားပြီး မှားဖြေမိတာ ဖြစ်နိုင်လား? ကျန်တာကတော့... သူ မတူတဲ့ဖြေရှင်းနည်းကို သုံးချင်လို့များလား? " အဖြေလွှာကို အမှတ်ခြစ်နေသော ဆရာက အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ " လူအိုကြီးချန်း၊ မင်း ဒါကို ဂရုစိုက်ရမယ်။ ပုံမှန်ဆိုရင် မင်းရဲ့ကိုယ်ပိုင်မေးခွန်းတွေကို တွက်နေရင်း တခြားပုစ္ဆာဖြေရှင်းနည်းတွေကို စမ်းသပ်လို့ရတယ်။ စာမေးပွဲဖြေရင်တော့ ပိုစိတ်ချရတဲ့ပုစ္ဆာဖြေရှင်းနည်းကို သုံးတာက ပိုကောင်းတယ်။ "

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now