အပိုင်း ၄၀ ( The Star 1 )

9.6K 1K 117
                                    

ကြယ်ပွင့်

ဤတွင် အလွန်ကျယ်ဝန်းသော ဧည့်ခန်းကျယ်တစ်ခန်း ရှိသည်။ ဧည့်ခန်း၏တစ်ဖက်တွင် ဆိုဖာများနှင့် ကော်ဖီစားပွဲများ ရှိပြီး အလွန်ဇိမ်ကျကာ ဆိုဖာများပေါ်တွင် လူငါး‌ယောက် ထိုင်နေသည်။ အခြားတစ်ဖက်တွင် ရိုက်ကူးရေးပစ္စည်းမျိုးစုံ ရှိကာ လူဆယ့်နှစ်ယောက် သို့မဟုတ် ထို့ထက်ပိုသော လူများက ရိုက်ကူးရေးပစ္စည်းများနှင့် အလုပ်ရှုပ်နေကြသည်။

ဤနေရာတွင် ရိုက်ကူးရေး လုပ်နေ... မဟုတ်၊ ယခုလက်ရှိ ရိုက်ကူးနေခြင်း မရှိပေ။ တကယ့်ရိုက်ကူးရေးက နောက်မှ စလိမ့်မည်။

ထို့အတွက်ကြောင့် ဆိုဖာပေါ်တွင် ထိုင်နေသော လူငါးယောက်က သူတို့၏ကိုယ်ပိုင်ကိစ္စများ သူတို့ဘာသာ သူတို့ လုပ်နေသည်။

ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လစ်လှပသော မိန်းကလေးများထဲမှ တစ်ယောက်သည် သူ(မ)၏မျက်နှာပေါ်မှ မိတ်ကပ်ကို လေ့လာနေပြီး စိတ်မချမ်းမြေ့စွာ ညည်းတွားသည် : " ငါ့မှာ ကောင်းကောင်းမကပ်တဲ့ မျက်တောင်တစ်ခု ရှိနေတယ်... "

အလွန်ချစ်စရာကောင်းပြီး ပိန်ပိန်ပါးပါး မိန်းကလေး နောက်တစ်ယောက်က သူ(မ)ကိုယ်သူမ နေရောင်ခံခရင်မ်ကို လိမ်းနေသည် : " နင့်မျက်တောင်တွေကို စိတ်ပူမနေနဲ့။ နင်က အပြင်ထွက်ပြီး ရှုတင်ရိုက်ရမှာ နေရောင်ခံခရင်မ်တွေကိုသာ လိမ်းစမ်းပါ!"

အခြားသုံးယောက်မှာ အကုန်လုံး ‌ယောက်ျားလေးများသာ ဖြစ်သည်။ ဤသုံးယောက်တွင် တစ်ယောက်က အနည်းငယ် ခက်ထန်ပုံပေါ်သော လေးဆယ်ကျော်အရွယ် ဖြစ်ပြီး တစ်ယောက်က အသက်နှစ်ဆယ်အောက် ငယ်ပုံပေါ်ကာ သူက ယနေ့ခေတ် လူတော်တော်များများကြားတွင် ရေပန်းအစားဆုံး နုနုဖတ်ဖတ် ပန်းပွင့်ငယ်လေးလို ကောင်လေးမျိုးနှင့် ပုံစံတူသည်။ ယခု သူတို့နှစ်ယောက်စလုံး ဖုန်းသုံးနေကြပြီး နောက်ဆုံးတစ်ယောက်ကတော့...

သူသည် အသက်နှစ်ဆယ့်လေးနှစ် သို့မဟုတ် နှစ်ဆယ့်ငါးနှစ် အရွယ်ဖြစ်ပြီး အရပ်ရှည်ကာ ချောမောသော အမျိုးသားတစ်ဦး ဖြစ်သည်။ အဆိုပါငါးဦးတွင် နာမည်အကျော်ကြားဆုံးလည်းဖြစ်သည့် ယန်ကျင်းဇီ။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now