အပိုင်း ၁၇ ( Phoenix Man )

10K 1.2K 24
                                    

Extra - အိမ်ပြန်ခြင်း

ပထမဆုံးသောစန္ဒြမာသ*၏ ခုနှစ်ရက်မြောက်နေ့၊ ယန်မိသားစုနေထိုင်ရာ တောင်ပေါ်ရွာငယ်လေး။

နှစ်သစ်ကူးဆိုတော့ အပြင်မှာ အလုပ်လုပ်တဲ့လူတွေက တစ်ယောက်ပြီး တစ်ယောက် ရွာကို ပြန်လာကြသည်။

လူတစ်ယောက်အတွက် မျက်နှာဟာ အရေးကြီးဆုံးပါပဲ။ အကယ်၍ သူတို့သာ အပြင်မှာ ကောင်းကောင်းနေနေရတယ်ဆိုရင် သူတို့က ကြီးကျယ်ခမ်းနားစွာဖြင့် အိမ်ပြန်လာကာ မျက်နှာပြကြွားဝါရမည်။ မဟုတ်ရင်တော့ သူတို့ အပြင်မှာ ဘယ်လောက်ပဲချမ်းသာပါစေ အဓိပ္ပာယ်မရှိဘူး။

အနည်းဆုံးတော့ ဒီရွာက လူအများစု ဒီလိုတွေးကြတာပဲ။

ဒါကြောင့် တချို့လူတွေက အပြင်မှာ ဟင်းသီးဟင်းရွက်တွေပဲ စားရရင်တောင် သူတို့ခမျာ အထုပ်လိုက် ပိုက်ဆံစုပြီး နှစ်သစ်ကူးမှာ ကြွားဝါဖို့ ရွာပြန်ရသည်။

ဒီဘက်နှောင်းပိုင်းခေတ်များ၌ ရွာတွင် လူများ နည်းသည်ထက် နည်းလာသည်။ အမြဲလိုလို ရွာမှာနေသည့်လူများက သက်ကြီးရွယ်အိုများနှင့် ကလေးများဖြစ်သည်။ ဒါပေမယ့် နှစ်သစ်ကူးဆိုရင်တော့ သက်ဝင်လှုပ်ရှားမှုလေးရှိလာကာ ပြန်ပြီးစည်ကားလာသည်။ ရွာသူကြီးကျန်း ဖွင့်ထားသည့် ရွာထိပ်က ဆိုင်ငယ်လေးမှာ သွားလိုက်၊လာလိုက်ဖြင့် ပစ္စည်းလာဝယ်သည့်သူများနှင့် ပြည့်နေသည်။ ရွာထဲက ကလေးများသည် သူတို့မုန့်ဖိုးနှင့် သရေစာမုန့်များ၊ ဗြောက်အိုးများနှင့် မီးရှူးမီးပန်းများ လာရောက်ဝယ်ယူကြပြီး ရွာထဲက ယောက်ျားများကတော့ ဝိုင်နှင့်ဖဲကတ်များ လာဝယ်ကြကာ ရွာသူများက လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များနှင့် နေ့စဉ်သုံးပစ္စည်းများကို လာဝယ်ကြသည်။

သက်တမ်းလွန် သရေစာမုန့်များ ဝယ်ယူမိသူများကတော့ မကျေနပ်ကြောင်းကို ဆိုင်တံခါးဝအထိ ရံဖန်ရံခါ လာပြောတတ်ကြ၏။

အိုဟောင်းနေသော ဆိုင်ငယ်လေးက ယခင်နှစ်များကဲ့သို့ အသက်ဝင်နေသည်။

မကြာသေးမီနှစ်များအတွင်း လူတိုင်းက ဆိုင်မှာ စကားပြောဖို့စုဝေးကြပြီး သူတို့က အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို သေချာပေါက် ပြောကြလိမ့်မည်။ အဲ့ဒါကတော့ ယန်မိသားစုက ခြေ‌ဆွံ့လူကြီး၏ အကြီးဆုံးသား၊ ယန်ကျင်းဇီပါပဲ။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now