အပိုင်း ၁၃ ( Phoenix Man )

8.4K 1.4K 12
                                    

အဖွားကို ဖွင့်ပြောပြလိုက်ရပြီးနောက် ကျန်းဖင်းရှိူ့ အရမ်းပျော်နေမှန်းသိသာနေပေမယ့်လည်း သူက ယန်ကျင်းဇီ၏ကဒ်ကို လက်ခံရန်ငြင်းဆိုခဲ့သည်။

၎င်းကိုမြင်သောအခါ ယန်ကျင်းဇီက ပြုံးပြီး ပြောခဲ့သည်။

" သူများတွေရဲ့ဇနီးတွေအားလုံးက ငွေကို တာဝန်ယူကြတယ်။ မင်း ငွေယူထားဖို့ ဆန္ဒရှိရဲ့လား? မင်းက ကိုယ့်ဇနီးလေးမဖြစ်ချင်ဘူးလား? "

ကျန်းဖင်းရှိူ့က ချက်ချင်းပဲငြင်းသည်။

" မဟုတ်ဘူး! "

" ဒါဆို ယူထားလိုက်လေ။ "

ယန်ကျင်းဇီပြောလိုက်သည်။

" ယောက်ျားတစ်ယောက်မှာ ပိုက်ဆံရှိလာရင် သူက ဆိုးသွမ်းသွားလိမ့်မယ်။ မင်း ကိုယ့်ကို အနီးကပ်ဂရုတစိုက်နဲ့ သေချာကြည့်ထားရမှာ။ "

ကျန်းဖင်းရှိူ့ လေးနက်စွာခေါင်းညိတ်လိုက်ပြီး ကဒ်ကို လက်ခံထားလိုက်တော့သည်။

ယန်ကျင်းဇီ မအောင့်နိုင်တော့ဘဲ သူ့ကို ထပ်နမ်းလိုက်ပြန်သည်။

အရင်တုန်းက သူ ကျန်းဖင်းရှိူ့ကို ပိုက်ဆံမပေးဖူးချေ။

သူ့မှာပေးဖို့ပိုက်ဆံမှမရှိတာ။

စစချင်း အချိန်ပိုင်းအလုပ်များမှ သူ ရလာသည့် ပိုက်ဆံများကို မိသားစုအကြွေးပြန်ဆပ်ရန်နှင့် အချို့ပစ္စည်းများကို ဝယ်ဖို့ သုံးလိုက်ရပြီး နောက်ပိုင်း သူ ရလာသည့် ပိုက်ဆံများကိုမူ ယန်မိသားစု၏‌ကုန်ကျစရိတ်များအတွက် ပေးချေရသည်။ သူ့တွင် ပေးရမည့် အိမ်ငှားခနှင့် အခြားကုန်ကျစရိတ်များလည်း ရှိသေးသည်။ ဘယ်တော့မှ သူ့မှာ ပိုက်ဆံအများကြီးမရှိဘူး။

သူက ကျန်းဖင်းရှိူ့ကို ကဒ်တစ်ကတ်ပေးဖို့ မစောင့်နိုင်တော့ဘဲ ကျန်းဖင်းရှိူ့ကို ပိုက်ဆံကိုင်ခွင့်ပေးလိုက်သည်။ ဒါဆို လုံးဝပိုက်ဆံမရှိဘူးလို့ဆိုလိုတာလား?

သို့သော်လည်း မကြာသေးမီက သူ့တွင် ပိုက်ဆံအများကြီးရှိပြီး ဒီကဒ်ကိုဖင်းရှိူ့စီပေးလိုက်ပြီ။ အနာဂတ်တွင် မိသားစုကဏ္ဍအားလုံးကိုဂရုစိုက်ဖို့ သူ့မှာ အချိန်အများကြီးမရှိနိုင်လောက်တော့ဘူး။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now