အပိုင်း ၄၃ ( The Star 4 )

2.2K 159 9
                                    

ကူးပြောင်းပြီးနောက် သူ အခု ဘာဆက်လုပ်သင့်သလဲ သူ မသိသောကြောင့် ယန်ကျင်းဇီ၏စိတ်မှာ ယခုထိ မငြိမ်သက်နိုင်သေးပေ။

သူ့တွင် ယခင်က မှတ်ဉာဏ်များ မရှိချေ။ မူလပိုင်ရှင်သည် အနုပညာကြယ်ပွင့်တစ်ပွင့် ဖြစ်ပြီး သူ ဂရုအစိုက်ဆုံးမှာ သူ၏နာမည်ဂုဏ်သတင်း ဖြစ်ကာ နာမည်ကျော်ကြားအောင်မြင်ရန်ကိုသာ အရူးအမူးကြိုးစားနေသည်။

black material မှ သူ လွတ်မြောက်ရန်အတွက် မူလပိုင်ရှင်သည် အလွန်အသေးစိတ် ဂရုစိုက်ခဲ့သည်။ နာမည်မကြီးခင်အချိန်၌ပင် သူသည် သူ၏ တစ်ကိုယ်ကောင်းဆန်သော နဂိုမူလစရိုက်အား ဖုံးကွယ်၍ တက်ကြွရွှင်လန်းပြီး ကြင်နာသနားတတ်သောလူအဖြစ် ဟန်ဆောင်ကာ သူ၏ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးပုံရိပ်ကိုပင် စတင်ပြောင်းလဲခဲ့၏။

သို့သော် တကယ်တမ်း၌ သူသည် သူကိုယ်တိုင်က အလွန်ညစ်ပတ်မှန်း ကောင်းကောင်းနားလည်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျီချန်းရှို့ကတော့ မတူပေ။ ကျီချန်းရှို့သည် သရုပ်ဆောင်ခြင်းအနုပညာကို ရိုးရှင်းစွာ နှစ်ခြိုက်သဘောကျပြီး ဂုဏ်သတင်း အောင်မြင်ကျော်ကြားခြင်းနှင့်ပတ်သက်၍ စဉ်းစားစရာမလိုဘဲ သူ လိုချင်သော မည်သည့်ဇာတ်ကောင်ကိုမဆို ပါဝင်သရုပ်ဆောင်နိုင်သည်။

မူလပိုင်ရှင်သည် ထိုသို့သော ကျီချန်းရှို့ကို မုန်းသည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း အရင်းအမြစ်များအတွက် သူသည် သူ၏ရွံရှာမှုကို မြိုသိပ်ထားရပြီး ကျီချန်းရှို့ကို ချီးကျူးခဲ့ရသည်။ ထိုအခါ သူ့တွင် ကျီချန်းရှို့ကို ဖျက်ဆီး‌ပစ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

ယန်ကျင်းဇီ ဆက်လက်ဖြစ်ပေါ်လာမည့် ကိစ္စများကို စဉ်းစားကြည့်လိုက်သည်။

ဒီရှိုးမှာ သူက ကျီချန်းရှို့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးဖို့ ကြိုးစားပြီး ကျီချန်းရှို့က သူ့ကို အကွက်ဆင်နေပါတယ်လို့ ပရိသတ်တွေ ထင်သွားအောင် လုပ်လိမ့်မယ်!

ဂုဏ်သတင်းနှင့်ပတ်သက်၍ တကယ်ဂရုမစိုက်သော ကျီချန်းရှို့သည် မူလပိုင်ရှင်က သူ့ကို လုံးဝ သဘောမကျကြောင်း သဘောပေါက်သွားသဖြင့် သူသည် မူလပိုင်ရှင်နှင့် စကားပြောပြီး ရှိုးမှာတင် မူလပိုင်ရှင်နှင့် လမ်းခွဲလိုက်သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now