အပိုင်း ၉ ( Phoenix Man )

3.7K 248 1
                                    

" ကိုယ်မင်းကိုယုံတယ်။ " 

ယန်ကျင်းဇီက ကျန်းဖင်းရှို့၏ တည်ကြည်ခိုင်မာသောစကားလုံးများကို နားထောင်ပြီးနောက် ကျန်းဖင်းရှို့အား နောက်တစ်ခါထပ်နမ်းလိုက်သည်။ ကျန်းဖင်းရှို့က တကယ်ပဲ ချစ်စရာကောင်းလှသည်။

ကျန်းဖင်းရှို့၏မျက်နှာသည် ရုတ်တရက်နီရဲလာသည်။ သူ့မသိစိတ်က ရှောင်ချင်ပေမယ့် သူကတော့ မရှောင်ချင်ခဲ့ဘူး။

ဒါကိုမြင်တော့ ယန်ကျင်းဇီကပြုံးပြီး သူ့ဆံပင်ကိုပွတ်ပေးရင်း သူ့နောက်အစီအစဉ်အကြောင်း ကျန်းဖင်းရှို့ကိုပြောပြသည်။

သူက ဒီတစ်ခေါက် တရုတ်နှစ်သစ်ကူးပွဲတော်ချိန်မှာ အိမ်ပြန်တော့မှာမဟုတ်ဘဲ နွေဦးပွဲတော်ပြီးသွားသည့်အခါမှသာ သူက အိမ်ပြန်ပြီး သူ့ညီမများနှင့်ညီတို့ စာဆက်လေ့လာ၍ရအောင် စီစဉ်ပေးရန် သူ့မိဘများကို ပိုက်ဆံ‌အချို့ပေးမည်။

သူသည် ကမ္ဘာကူးပြောင်းလာပြီး မူလပိုင်ရှင်၏ မိဘများနှင့် မိသားစုအပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ခင်တွယ်တာမှုများလည်း မရှိပေ။ နှစ်သစ်ကူးမှာ ကျန်းဖင်းရှို့နှင့် အတူကုန်ဆုံးချင်သော်ငြားလည်း မူလပိုင်ရှင်လိုမျိုး သူ့မိသားစုကို မသိချင်ယောင်ဆောင်နေမှာ မဟုတ်ဘူး။

သူ့ညီနှင့်ညီမများဖြစ်စေ၊ ကျန်းဖင်းရှို့ဖြစ်စေ၊ စာဖတ်ခြင်းသည် သူတို့၏ဘဝများကို ပြောင်းလဲပေးနိုင်သည်။ သူ သူတို့အားလုံးကို စာဖတ်ခိုင်းရမည်။ 

ယန်ကျင်းဇီ၏ အစီအစဉ်ကို ကြားလိုက်ရပြီးနောက် ကျန်းဖင်းရှို့သည် ယန်ကျင်းဇီအား တုန်လှုပ်စွာကြည့်လာသည်။

တကယ်တော့ သူလည်း တရုတ်နှစ်သစ်ကူးအကြောင်း စဉ်းစားထားပြီးသားဖြစ်၏။

တရုတ်နှစ်သစ်ကူးကျင်းပဖို့အတွက်နှင့် သူ ရွာကို မပြန်ချင်ပေ။ အမြဲတမ်းမှတ်မိနေတာကတော့ အိမ်နီးချင်းများသည် သူတို့ဆွေမျိုးများအိမ်ကို လည်ပတ်သည့်အခါ သူတို့(ကျန်းဖင်းရှို့)အိမ်ကိုလည်း ရောက်လာပြီး မြေကြီးကို သူတို့ပိုင်တယ် ဆိုပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုတော့သည်။ 

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now