အပိုင်း ၄၉ ( The Star 10 - ဇာတ်သိမ်း )

5.6K 892 68
                                    

ကျီချန်းရှိူ့ ထိုသို့တွေးရခြင်းမှာ အကြောင်းအရင်းတစ်ချက်ကြောင့် ဖြစ်သည်။

အကြောင်းအရင်းများထဲမှ တစ်ချက်မှာ ယန်ကျင်းဇီသည် ယခုတလော အချစ်ရူးတစ်ယောက်ကဲ့သို့ သရုပ်ဆောင်နေသောကြောင့်ပင်။

"Dream Back to the Ancient Times" ရသစုံရှိုး၌ သူ ယန်ကျင်းဇီကို ချစ်ခင်ကြောင်း ပြသရခြင်းမှာ သူ့တွင် သူ့ကိုယ်ပိုင်အကြောင်းပြချက်များ ရှိသည်။ သူ ယန်ကျင်းဇီ၏တုံ့ပြန်ပုံကို မြင်ချင်သည်။ ပြီးမှသာလျှင် သူသည် စွန့်လွှတ်မလား သို့မဟုတ် ရှေ့ဆက်မလား ဆုံးဖြတ်ရလိမ့်မည်ဖြစ်သည်။

အဖြေမှာ ယန်ကျင်းဇီက... သူတို့တွဲနေကြောင်း အခြားဧည့်သည်များကို တိုက်ရိုက်ပြောပြကာ တိုက်ရိုက်ထုတ်လွှင့်ချိန်တွင်ပင် သူနှင့် ပရောပရည်လုပ်ခဲ့သည်။

ထို့ပြင် ယန်ကျင်းဇီသည် မကြာသေးခင်ကမှ အနုပညာလောကကနေ အနားယူထားပြီး သူ့အချစ်က မိုးကောင်းကင်ထက် ပိုမိုကြီးမားသကဲ့သို့ နေ့တိုင်း အိမ်မှာ နေပြီး သူ့အနားတွင်(ကျီချန်းရှိူ့အနားတွင်) ကပ်နေသည်။

ဒုတိယအကြောင်းအရင်းမှာ... တကယ်တော့ ဤရက်ပိုင်းများအတွင်း သူသည် ဘာကြောင့် ယန်ကျင်းဇီ သူ့ကို မကောင်းပြောရန် ကြံစည်ချင်လဲ ဆိုသော ကိစ္စနှင့်ပတ်သက်၍ အတွေးများနေခဲ့သည်။

သူသည် ယန်ကျင်းဇီ သူ့ကို ချစ်တာ မှန်ကန်ကြောင်းနှင့် ယန်ကျင်းဇီ လုပ်ခဲ့သော ကိစ္စများအတွက် ဘာကြောင့် လုပ်ခဲ့ရသလဲ ဆိုသော အကြောင်းပြချက်ကောင်းကောင်းတစ်ချက် ရှိလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။

အမှန်တော့ သူလည်း အချစ်ရူးတစ်ယောက်ပင်။

ကျီချန်းရှိူ့ ယန်ကျင်းဇီကို လေးနက်စွာ ကြည့်လိုက်သည်။

ယန်ကျင်းဇီတွင် သူ ဘာပဲပြောပြော ကျီချန်းရှိူ့ ယုံကြည်လိမ့်မည် ဆိုသော ခံစားချက် ရှိနေသည်။

သေချာပေါက် ကျီချန်းရှိူ့က အဲ့ဒါကမှ အမှန်ဖြစ်ကြောင်း မျှော်လင့်ထားသည်။

ယန်ကျင်းဇီ သူ့ကို ဖက်လိုက်သည် : " ကိုယ် မင်းကို သဘောကျတာ တော်တော်ကြာပြီ။ ကိုယ့်အေးဂျင့် ကိုယ့်ကို မင်းရဲ့အခန်းကတ် ပေးတဲ့အချိန်တုန်းက တကယ်ပဲ ကိုယ် မင်းအခန်းထဲ ဝင်ပြီး မင်းကို သွေးဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် မင်းက ဘာမှမလုပ်နိုင်လောက်အောင် မူးနေခဲ့တယ်။ အဲ့တာကြောင့် ကိုယ် အခွင့်အရေးကို မဖြုန်းတီးဖို့ ဆုံးဖြတ်ပြီး မင်းနဲ့အိပ်ခဲ့တယ်လို့ ဟန်ဆောင်ခဲ့တယ်။ ဒါပေမယ့် အဲ့တုန်းက ကိုယ်က ဘဝင်မြင့်ပြီး မာနကြီးတယ်။ ကိုယ်တို့ဘာမှမဖြစ်ခဲ့ကြမှန်း မင်း သိသွားရင် ကိုယ်နဲ့လမ်းခွဲမှာကိုလည်း ကိုယ် ကြောက်တော့ မင်းနဲ့ အရမ်း နီးနီးကပ်ကပ် မနေရဲခဲ့ဘူး။ ကိုယ် အမြဲတမ်း မင်းထက် ပိုနာမည်ကြီးချင်ခဲ့တာကြောင့် ကုမ္ပဏီပြောင်းခဲ့တယ်။ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး ကိုယ် အလုပ်ကြိုးစားခဲ့တယ်၊ ကိုယ် နာမည်ပိုကြီးလာတယ်၊ ဝင်ငွေပိုရလာတယ်၊ အခု ကိုယ်က မင်းနဲ့ ထိုက်တန်သွားပြီ။ ဒါပေမယ့် ကိုယ့်ကုမ္ပဏီက အရှုပ်အထွေးနည်းနည်း ရှိတဲ့အပြင် ကိုယ့်အေးဂျင့်ကလည်း မကောင်းမှန်း ကိုယ် သိလိုက်ရတယ်... ကိုယ် မင်းကို ပြဿနာထဲ ဆွဲထည့်မိမှာ ကြောက်လို့ မင်းအနားကပ်ဖို့ ပိုတွန့်ဆုတ်ခဲ့ရတယ်။ ပြီးတော့ သိပ်မကြာသေးခင်ကပဲ ကိုယ် အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးတော့ အခုမှပဲ ကိုယ် လွတ်လပ်သွားရပြီ။ "

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now