အပိုင်း ၁၉ ( Genius Slacker 2 )

3.1K 201 4
                                    

ယန်ကျင်းဇီမှာ သူ့မျက်နှာ သူ ကိတ်မုန့်နှင့်ရိုက်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိပေ။

မူရင်းဇာတ်ကြောင်းအရ ချန်အန်းရှို့၏ဖွင့်ပြောချက်ကို နားထောင်ပြီးနောက် မူလပိုင်ရှင်သည် ချန်အန်းရှို့အား ငြင်းဆိုပြီး လှောင်ပြောင်ရုံတင်သာမက အခြားသူများ မြင်ရအောင်လည်း ကိတ်မုန့်ကို ဆွဲယူသွားသေးသည်။

ထိုအချိန်တွင် မူလပိုင်ရှင်၏ညီငယ်များသည် ကိတ်မုန့်ကို ဓာတ်ပုံရိုက်ကြသည့်အပြင် စိတ်ပျက်အားငယ်နေသော ချန်အန်းရှို့ကိုလည်း ဓာတ်ပုံများရိုက်ယူခဲ့ကြသည်။ ဒီဓာတ်ပုံများက နောက်ပိုင်း အခြားကျောင်းသားများစီသို့ ဖြန့်ဝေခံလိုက်ရပြီး မမြင်ဖူးသည့်သူ မရှိသလောက်ပင်။

ဤအရာအားလုံးသည် ချန်အန်းရှို့ မူလပိုင်ရှင်ကို နှစ်သက်ကြောင်း သက်သေသာဓကများဖြစ်သည်။

ထိုသို့သောအရာများကို အချို့သောနည်းများဖြင့် ဖျက်ဆီးပစ်ရမည်။

ယန်ကျင်းဇီက သူ့လျှာကိုထုတ်ပြီး သူ့နှုတ်ခမ်းဘေးက ကိတ်မုန့်ကို လျက်လိုက်ကာ သူ့နှလုံးသားကနေ သွေးများ တစ်စက်ပြီးတစ်စက် ကျနေပြီဟု ခံစားလိုက်ရသည်။

သူ့အချစ်လေးရဲ့ လက်ဆောင်ကိတ်မုန့်က ပျက်စီးသွားပြီ!

ကိတ်မုန့်ကို လေဟာနယ်အအုပ်ထဲ ထည့်ထားပြီး သက်တမ်းလွန်သည်အထိ သိမ်းဆည်းထားသင့်ကြောင်း သေချာနေပါသော်လည်း အခုတော့ ကိတ်က သူ့မျက်နှာပေါ်မှာပဲ ပျက်စီးသွားရသည်။ သူသည် ကိတ်အရသာလေးကိုတော့ ထပ်တလဲလဲ အချိန်မရွေး ပြန်လည်မှတ်မိနေနိုင်အောင် ကိတ်အချို့အား ဆက်လက်လျက်နေခဲ့သည်။

သူ အခု လုပ်နိုင်တာ ဘာမှမရှိဘူး။ ဘာပဲဖြစ်လာဖြစ်လာ ချန်အန်းရှို့၏ကောင်းကျိုးအတွက် ချန်အန်းရှို့ သူ့ကို သဘောကျနေမှန်း လူသိခံလို့မဖြစ်ပေ။

အကယ်၍ ဒီကိစ္စသာ ပြန့်သွားမယ်ဆိုရင် အနာဂတ်မှာ ချန်အန်းရှို့ စာကြိုးစားလို့ရပါတော့မလား?

သူ့မိဘတွေစီက သူ သေလောက်အောင် အရိုက်ခံရလိမ့်မယ်!

ဒါကိုစဉ်းစားရင်း ယန်ကျင်းဇီက အနည်းငယ်သော ဝမ်းနည်းဒေါသဖြင့် ချန်အန်းရှို့အား ပြောလိုက်သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now