အပိုင်း ၉၂ ( Little White Face 20 )

1.1K 87 4
                                    

မြင်ကွင်းကား ခဏတာ လွန်စွာကသိကအောက်ဖြစ်သွား၏။

သို့သော်ငြား ဤလူများသည် S မြို့ကြီး အခြေစိုက်စခန်းမှ လာကြပြီး သူတို့က တိုက်ခိုက်သောအခါ သက်ညှာကြကာ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများကို မထိခိုက်စေခဲ့ကြပေ။

ကျိုးဝမ်ရှို့သည် သူတို့ကို အနီးအနားရှိ အစည်းအဝေးခန်းသို့ ခေါ်သွားသည်။

ဤအစည်းအဝေးခန်းကို ကွင်းဆင်းရုံးမှ အစည်းအဝေးများအတွက် အမြဲအသုံးပြုခဲ့ပြီး အထဲတွင် လူဒါဇင်ချီ ထိုင်နိုင်သော ညီလာခံစားပွဲ ရှိသည်။

ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှို့တို့သည် တစ်ဖက်စွန်းတွင် ထိုင်ကြပြီး S မြို့ကြီး အခြေစိုက်စခန်းမှ လူများသည် တစ်ဖက်ခြမ်းတွင် ထိုင်ကြကာ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများက တခြားတစ်ဖက်ခြမ်းတွင် ထိုင်ကြသည်။ ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများကား တခြားတစ်ဖက်စွန်းတွင်သာ မတ်တပ်ရပ်နိုင်ကြသည်။

ရှောက်ကွမ်ချွင်နှင့် S မြို့ကြီး အခြေစိုက်စခန်းမှ တခြားသူများသည် ယခုအခါ တချို့ကို ခန့်မှန်းမိပြီးဖြစ်ကာ သူတို့ကို ချွီယောင်ဖုန်း လှည့်စားလိုက်ပြီဟု ထင်နေကြ၏။

သူတို့ မြင်လိုက်သည်ကိုပင် ထည့်မတွက်နှင့်။

ဤတက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသည် အပြင်ဘက်တွင် ယိုယွင်းပြိုကျနေသော်ငြား အတွင်းပိုင်းတွင်တော့ အမှန်တကယ်ပင် အလွန်ကောင်းမွန်စွာ တည်ဆောက်ထားသည်။ သာမန်လူအများအပြားသည် သွားလာနေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အသက်ကင်းမဲ့မှုများ မရှိဘဲ အားလုံးက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြပုံ‌ပေါ်သည်။

ဤအခြေစိုက်စခန်း၏ ခေါင်းဆောင်က လက်အောက်ငယ်သားများအပေါ် ကောင်းမွန်သည်မှာ သိသာလေသည်။

တကယ်တော့ ယခင်အဖြစ်အပျက်များကို စဉ်းစားကြည့်သောအခါ... ဤအခြေစိုက်စခန်းမှ သာမန်လူများနှင့် စွမ်းအားရှင်များတွင် ဤစခန်းနှင့် ပိုင်ဆိုင်ပတ်သက်သော ခံစားချက် ရှိပြီး စခန်းအတွက် အလုပ်ကြိုးစားလုပ်ရန် ဆန္ဒရှိကြသည်။ ဤသည်နှင့်ပင် ဤစခန်းက ကောင်းမွန်ကြောင်း သက်သေပြရန် လုံလောက်သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now