အပိုင်း ၆၄ ( The Emperor 14 )

1.4K 108 4
                                    

ယန်ကျင်းဇီသည် ချူထင်းရှို့အား မြို့စားဘွဲ့ရာထူးကို ပေးခဲ့သော်လည်း တပ်အာဏာကို ပြန်လည်မရုတ်သိမ်းခဲ့ပေ။

သူ့အတွက်မူ သူသည် အရပ်ဘက်မှူးမတ်များကို တာဝန်ယူထားလေသည်။ ပိုက်ဆံပိုရှာနိုင်မည့်နည်းလမ်းကို သူ ရှာတွေ့နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သွားမည်ပင်။

ချီမင်းဆက်၏တိုင်းပြည်တွင် ပြဿနာများစွာ ရှိသည်။ ဥပမာအားဖြင့် စစ်တပ်သည် စားနပ်ရိက္ခာကို လုံလုံလောက်လောက် မထောက်ပံ့နိုင်... သူ သူ့တပ်သားများကို မဆုံးရှုံးချင်သေးပေ။

ပင်းဝမ်၏ပုန်ကန်မှု ပြီးဆုံးပြီးနောက် ကိစ္စရပ်များကို ရက်ပေါင်းများစွာ ကိုင်တွယ်ဖြေရှင်းခဲ့ရပြီး အဆုံးတွင်တော့ ပင်းဝမ်၏ပြစ်မှုများမှာ ပြီးပြတ်သွားခဲ့သည်။

မင်းဧကရာဇ်၏ဂုဏ်သတင်းမှာ ဂုဏ်သိက္ခာ၏ အရေးကိစ္စတစ်ရပ် ဖြစ်ပြီး ညီအစ်ကိုချင်းယှဉ်ပြိုင်မှုအကြောင်း အတင်းအဖျင်းပြောဆိုမှုများမှာ ကောင်းမွန်သော ကိစ္စရပ် မဟုတ်ချေ။ ပင်းဝမ်၏မိခင်ဘက်မှ မျိုးနွယ်ကလည်း လေးလေးနက်နက် အသနားခံတောင်းပန်ခဲ့ပြီး အကျိုးအမြတ်များစွာကို ကမ်းလှမ်းတင်ပြခဲ့သည်... ကောင်းကျိုးနှင့်ဆိုးကျိုးတို့ကို နှိုင်းဆပြီးနောက် ယန်ကျင်းဇီသည် ပင်းဝမ်ကို သေဒဏ်မပေးခဲ့ဘဲ အကျဉ်းချထားလိုက်သည်။

ဘွားတော်ကြီး ကွယ်လွန်သွားပြီး ပင်းဝမ်ကလည်း ကျဆုံးသွားကာ တော်ဝင်ညီလာခံတွင် မှူးမတ်အရာရှိများ သုံးပုံတစ်ပုံခန့် လျော့နည်းသွားသော်လည်း ညီလာခံတစ်ခုလုံးသည် မည်သည့်ပြဿနာမှ မရှိဘဲ ကောင်းမွန်စွာ လည်ပတ်နေလေသည်။

မကြာသေးမီကမှ ယန်ကျင်းဇီသည် အရေးကိစ္စများကို အရှိန်နှုန်းများများနှင့် ဖြေရှင်းနေလေရာ ဤမှူးမတ်အရာရှိများသည် သက်သက်လွတ် မစားရဲတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် အစွမ်းကုန် ကြိုးစားပြီး တာဝန်ထမ်းဆောင်နေကြသည်။ ထိုအတိုင်းဆိုလျှင်ပင် ကောင်းမွန်သည်မဟုတ်ပါလော။

သို့သော်ငြား ပညာတော်သင်ကျောင်းသားများကို လူသစ်စုဆောင်းရန်နှင့် ငယ်ရွယ်သော မှူးမတ်အရာရှိများကို လေ့ကျင့်သင်ကြားပေးရန်အတွက် ယန်ကျင်းဇီသည် အနုပညာနှင့်သိပ္ပံ အထူးပညာရပ်သင်ကျောင်းတော်၏ ဖွင့်လှစ်မှုကို အမိန့်ပေးနေဆဲဖြစ်သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now