အပိုင်း ၇၆ ( Little White Face 4 )

1.4K 92 2
                                    

ယန်ကျင်းဇီ နိုးလာသောအခါ သူသည် ရင်းနှီးသော SUV ၏ ကားနောက်ထိုင်ခုံတွင် လှဲလျောင်းနေကြောင်း သူ တွေ့လိုက်ရသည်။

ဤသည်ကို နားလည်သွားသောအခါ ယန်ကျင်းဇီ ထိတ်လန့်သွားသည်။

သူ သတိလစ်သွားသည်... ဒါက ကျိုးဝမ်ရှို့ သူ့ကို မခေါ်သွားနိုင်တာကြောင့်များလား? ကျိုးဝမ်ရှို့ အဆင်ပြေရဲ့လား?

သူသည် စိုးရိမ်သွားပြီး ရုတ်ခြည်း ထထိုင်လိုက်သော်လည်း သူ့ခေါင်းက ထပ်မံမူးဝေလာပြန်သည်...

" မင်း အဆင်ပြေရဲ့လား? " ကျိုးဝမ်ရှို့၏အသံ ထွက်ပေါ်လာသည်။

ယန်ကျင်းဇီသည် သူက SUV ထဲတွင် ရှိနေသေးသော်လည်း ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများ မရှိတော့ဘဲ ကျိုးဝမ်ရှို့က ကားပြတင်းပေါက် အပြင်ဘက်တွင် မတ်တပ်ရပ်နေကြောင်း တွေ့ရှိသွားသည်။

" ဝမ်ရှို့ အဆင်ပြေရဲ့လား? " ယန်ကျင်းဇီသည် ကားပြတင်းပေါက်ကို ဆုပ်ကိုင်၍ သူ့ခေါင်းကိုထုတ်ပြီး စိုးရိမ်တကြီး မေးလာသည်။

မူလဇာတ်ကြောင်းတွင် ကျိုးဝမ်ရှို့သည် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများနှင့် တိုက်ခိုက်ပြီးနောက် အပြင်းအထန် ဒဏ်ရာရခဲ့သည်...

" ငါ အဆင်ပြေတယ်။ မင်းကသာ ဒဏ်ရာရတဲ့သူ။ " ကျိုးဝမ်ရှို့သည် လက်ထုတ်ပြီး ယန်ကျင်းဇီ၏ခေါင်းကို ထိလိုက်သည်။

သူသည် ယန်ကျင်းဇီ၏ အခြေအနေကို စစ်ဆေးလိုက်ပြီး ယန်ကျင်းဇီ၏ ကိုယ်ခန္ဓာမှာ အင်အားကုန်ခမ်းလွန်းသွားသဖြင့် သတိလစ်သွားရခြင်းဖြစ်သည်။

ဤလူ၏ အခြေအနေမှာ အလွန်ဆိုးရွားသော်လည်း နိုးလာသောအခါ သူ့ကို အရင်ဂရုစိုက်နေဆဲဖြစ်သည်။ သူ အရမ်းပျော်ရွှင်သည်။

" ငါ တကယ် အဆင်ပြေတယ်... " အထိခံလိုက်ရသော ယန်ကျင်းဇီသည် အနည်းငယ် ကူရာမဲ့သွားသည်။

သူ သတိလစ်သွားခြင်းမှာ တစ်ဖက်တွင်မူ စိတ်ဝိညာဉ်စွမ်းအားနှင့် သူ မရင်းနှီးသေးသဖြင့် ၎င်းကို အသုံးပြုသောအခါ အနည်းငယ် အင်အားပိုမိုကုန်ခမ်းသွားသောကြောင့် ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းသဖြင့် အားအလွန်ကောင်းသော စိတ်ဝိညာဉ်စွမ်းအားကို မတတ်နိုင်သောကြောင့် ဖြစ်သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now